www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 15, 2017

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် တန်ဖိုးနည်းအိမ်ရာ ၅၀၀၀ ဆောက်လုပ်ရောင်းချမည်



ရန်ကုန် ၁၅-၅-၂၀၁၇

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လာမည့် ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် တန်ဖိုးနည်း အိမ်ရာအခန်းရေ ၅ဝဝဝ ဆောက်လုပ် ရောင်းချသွား မည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဦးစီးဌာန သတင်းများအရ သိရသည်။

ရန်ကုန်မြို့၏ အိမ်ရာလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးအတွက် မြို့ပြနှင့်အိမ်ရာ ဦးစီးဌာနက တန်ဖိုးနည်းအိမ်ရာ များကို ဆောက်လုပ် ရောင်းချနေပြီး ယခင်နှစ်များက အပိုင်းလိုက်ခွဲကာ ရောင်းချထားရှိပြီး ကျန်ရှိနေသည့် အခန်းများကိုလည်း လူနေထိုင်ခွင့် ရရှိရန် လုပ်ဆောင်နေသည်ဟု သိရသည်။ ထပ်မံဆောက်လုပ် မည့်အိမ်ရာ စီမံကိန်းများကို သီလဝါ အထူးစီးပွားရေး ဇုန်အနီးနှင့် လှိုင်သာယာ ကျန်စစ်မင်းအိမ်ရာ အပိုင်း(၂) စသည့်နေရာများတွင် ဆောက်လုပ်သွားမည် ဖြစ်သည်။

အဆိုပါ ထပ်မံဆောက်လုပ် သွားမည့် အိမ်ရာတိုက်ခန်းများ၏ ၈ဝရာခိုင်နှုန်းမှာ ငွေကျပ် သိန်း၁ဝဝ ခန့် ဈေးနှုန်းရှိ အခန်းများဖြစ်ပြီး ၂ဝရာခိုင်နှုန်းမှာ ငွေကျပ် သိန်း ၁၅ဝမှ ငွေကျပ် သိန်း၂၅ဝဈေးနှုန်း ရှိအခန်းများဖြစ်သည်။

ထို့ကြောင့် အဆိုပါအိမ်ရာစီမံ ကိန်းတစ်ခုလုံးတွင် တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းများပါရှိ မည်ဖြစ်သည်။အဆိုပါ နောက်ထပ်ဆောက်လုပ် မည့်အိမ်ရာ တိုက်ခန်းများကို ယခင်ကကဲ့သို့ အဆောက် အအုံပြီးမှ ရောင်းချသွားမည် မဟုတ်ဘဲ စတင်ဆောက်လုပ် ကတည်းက ရောင်းချ သွားမည်ဖြစ်သည်။ ထိုသို့ရောင်းချ ရာတွင် အိမ်ရာဝယ်ယူသူများ အနေဖြင့် တစ်နှစ်ခွဲအတွင်းတွင် တန်ဖိုး၏ ၅ဝရာခိုင်နှုန်း ပေးသွင်း နေထိုင်ခွင့် ရမည်ဖြစ်ပြီး ကျန်ရှိနေသည့် ၅ဝ ရာခိုင်နှုန်းကို CHDB ဘဏ်နှင့် ချိတ်ဆက် ဝယ်ယူရမည် ဖြစ်သည်။

အဆိုပါ ထပ်မံဆောက်လုပ်မည့် အိမ်ရာစီမံကိန်း များတွင် တစ်ဆယ့်ရှစ်ပေပတ်လည်၊ ပေနှစ်ဆယ်ပတ်လည်နှင့် ခြောက်ရာငါးဆယ် စတုရန်းပေအခန်းများ ပါဝင်မည်ဖြစ်သည်။ လက်ရှိတွင် တစ်ဆယ့်ရှစ်ပေ ပတ်လည်နှင့် ပေနှစ်ဆယ်ပတ်လည် အခန်းများ၏ ဈေးနှုန်းများကို ငွေကျပ် သိန်းတစ်ရာ သာရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger