www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 15, 2017

မြန်မာနိုင်ငံမှ ပြောင်းများကို ပြည်ပနိုင်ငံတို့သို့ တင်ပို့ရောင်းချပေးနေ



နေပြည်တော် ၁၅-၅-၂၀၁၇

မြန်မာနိုင်ငံမှ လယ်ယာထွက် ကုန်သီးနှံ တစ်ခုဖြစ်သည့် ပြောင်းများကို ပြည်ပနိုင်ငံများဖြစ်သော စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံတို့သို့ တင်ပို့ရောင်းချ ပေးနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန သတင်းများအရ သိရသည်။

ထိုသို့တင်ပို့ ရောင်းချပေးရာတွင် မူဆယ်ကုန်သွယ်ရေး စခန်းမှ ပြောင်းတန်ချိန်၁၆၂၈၁ဝ၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ၂၄၈၇တန်ကျော်၊ ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းမှ ၃၆ တန်နှင့် ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းမှ တန် ၄၅ဝ တင်ပို့ရောင်းချပေးခဲ့ ခြင်းဖြစ်သည်။

ထိုသို့တင်ပို့ ရောင်းချပေး နေခဲ့သော်လည်း အဆိုပါကာလများသည် မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလ ဖြစ်နေသဖြင့် မူဆယ်ကုန်စည်ဒိုင် ဈေးကွက်တွင် ဧပြီ ၁ရက်မှ ၇ရက် အတွင်းက ပြောင်းတစ်တန်ကို မိမိ ဘက်ပေါက် ဈေးငွေကျပ် ၂၂၅၃ဝ၇ ရှိရာမှ ဧပြီ ၈ရက်မှ ၁၄ရက် အတွင်းက ငွေကျပ် ၂၂၃ဝ၇၇သို့ ဈေးအနည်းငယ် ကျဆင်းခဲ့သည်။

ထို့အတူ အဆိုပါကာလတွင် မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူး ကုန်သွယ်ရေး စခန်းမှလည်း အမေရိကန်ဒေါ်လာ ၂၂၉၄တန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၂တန်ခွဲကို အိန္ဒိယ နိုင်ငံသို့ တင်ပို့ရောင်းချ ပေးခဲ့သည်။ ထို့ပြင် မတ်လ တစ်လလုံးက တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် တစ်သိန်း သုံးသောင်းခန့် ထိုင်းနိုင်ငံသို့ တန်တစ်ထောင်ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger