www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 8, 2017

သရက်စိုက်တောင်သူများထံမှ စိန်တလုံးသရက်သီးများကို တန်ချိန် ၁ဝဝ ကျော်ခန့် စတင်ဝယ်ယူမည်



မန္တလေး ၈-၅-၂၀၁၇

သရက်စိုက် တောင်သူများ၏ တောင်းဆိုချက်အရ မြန်မာ့သရက် စိန်တလုံး သရက်သီးများကို ယနေ့မှစတင်၍ တန်ချိန် ၁ဝဝကျော်ထိ စတင်ဝယ်ယူမည်ဖြစ်ကြောင်း သရက်စိုက်တောင်သူများထံမှ သိရသည်။

လက်ရှိတွင် သရက်စိုက်တောင် သူများထံမှ မြန်မာ့သရက်သီးများကို စတင်ဝယ်ယူမှုများရှိနေပြီး ယခုမြန်မာ GP ကုမ္ပဏီမှ ဝယ်ယူမည် ဖြစ်ကာ စိန်တလုံး သရက်သီးအပြင် ရင်ကွဲသီး ၊ မချစ်စုသီး ၊ဟင်္သာသီးများ ကိုပါ တန်ချိန် ၁၅ဝခန့်ထိ ဝယ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

''စင်ကာပူကလဲ ဝယ်နေတယ်။ အခုလဲ ရုရှားအပြင် တခြားပို့ဖို့ရော အိတ်စွပ်သီး၊ အိတ်လွတ်သီးနဲ့ ပယ်သီးတွေပါဝယ် မယ်လို့ သိရတယ်။ သရက်သီးက Quality မီတဲ့အသီးက သိပ်မထွက်သေးဘူး။ ဈေးကွက်အနေနဲ့ ဟိုတစ်နေ့ကလေတိုက်ခဲ့တာ တွေရှိတော့ လေကြွေသီး တွေပါမှာတော့ စိုးရိမ်မိတယ်''ဟု မြန်မာ့သရက် ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုး တိုးတက်ရေး အသင်း (မန္တလေး)မှ အတွင်းရေးမှူး ကိုကျော်စိုးနိုင်က ပြောပြသည်။

Quality Size ပြည့်မီပြီး အသီးပိုမို ထွက်ရှိသည့် စစ်ကိုင်းနှင့် မတ္တရာမှ သရက်သီးများလည်း ထွက်ရှိတော့မည် ဖြစ်ကြောင်း၊ ယခုနှစ် သရက်သီးပေါ်ချိန်တွင် သရက်ခြံများ၌ သရက်သီး တင်နှုန်းနည်းပါးပြီး Quality Size လည်း သေးသည့်အတွက် သရက်သီးရှား နိုင်ကာ သရက်သီး ဈေးနှုန်းလည်း ကောင်းနိုင်ကြောင်း သိရသည်။

ယခုနှစ် သရက်သီးရာ သီတွင်မြန်မာ့ နိုင်ငံမှထွက်ရှိသည့် သရက်သီးများကို အနှစ်ထုတ်၍ ရုရှားနိုင်ငံသို့ တန်ချိန် ၁၂ဝ ခန့် တင်ပို့ရန် ရည်မှန်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်သရက် ရာသီတွင် ရာသီကုန် ခါနီးမှတင်ပို့ ရသည့်အတွက် ရုရှားနိုင်ငံသို့ ကွန်တိန်နာ နှစ်လုံး (နှစ်တန်ခန့်)သာ ဈေးကွက်စမ်း သပ်ဖောက်သည့် အနေဖြင့် တင်ပို့နိုင်ခဲ့၍ ယခုမေလ ပထမပတ်တွင် မြန်မာ့သရက်သီး များကို စင်ကာပူနိုင်ငံသို့ အလုံးလိုက် တင်ပို့ရန်လည်း အစီစဉ်ရှိကာ ယခုနှစ်အတွင်း ပြည်ပနိုင်ငံ ငါးနိုင်ငံခန့် Export တင်ပို့ရန်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger