www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 24, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘရာဇီးနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘရာဇီးနိုင်ငံသံအမတ်ကြီး H.E.Mr.Antonio J.M.de Souza Silva အားလက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၂၄-၅-၂၀၁၇

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ဘရားဇီးနိုင်ငံ သံအမတ်ကြီး H.E. Mr. Antonio J.M. de Souza e Silva အား လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တို့တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာ၊ ဘရာဇီး နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့များ လာရောက်ရေးနှင့် ဆက်ဆံမှုမြှင့်တင်ရေး၊ ဘရာဇီးနိုင်ငံအနေဖြင့် စက်မှုနည်းပညာ မြင့်မားခြင်း၊ အောင်မြင်သော စိုက်ပျိုးရေး လုပ်ငန်းများရှိခြင်း၊ ဘောလုံး၊ ဘော်လီဘော၊ ဘက်စကက်ဘော၊ လက်ဝှေ့စသည့် အားကစားများတွင် နာမည်ကျော်ကြားခြင်း တို့ကြောင့် တပ်မတော် နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်များစွာ ရှိသဖြင့် နည်းလမ်းရှာဖွေ၍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဘရာဇီးနိုင်ငံ သံအမတ်ကြီးအား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ပြီး စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger