www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 11, 2017

ပုဂံရှေးဟောင်းဇုန် နယ်နိမိတ်အကျယ်အ၀န်းကို ဧက ၅၀၀၀၀ ထိ တိုးချဲ့သွားမည်



ညောင်ဦး ၁၁-၅-၂၀၁၇ 

ဒေသခံများ၏ အကျိုးစီးပွားကို ပိုမိုကာကွယ် ပေးနိုင်ရန် ပုဂံရှေးဟောင်း ဇုန်နယ်နိမိတ် အကျယ် အဝန်းကို ဧက ၅ဝဝဝဝ ခန့်ထိ တိုးချဲ့ သတ်မှတ် သွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာနမှ သိရသည်။

လက်ရှိသတ်မှတ် ထားသော ဧကအပြင် ထပ်မံ၍ဧရိယာ၊ ဧက၂ဝဝဝဝကျော်တိုးချဲ့ကာ ညောင်ဦးမြို့အရှေ့ဘက် ယုန်လွှတ်ကျွန်းနှင့် ဧရာဝတီမြစ် တစ်ဘက်ကမ်းရှိ တန့်ကြည်တောင် တို့ကိုပါ ထည့်သွင်း သတ်မှတ်ရန် စီစဉ်နေကြောင်း သိရသည်။

ထိုသို့ တိုးချဲ့သတ်မှတ်ခြင်း ကြောင့် မြို့ရွာရပ်ကွက်များရွှေ့ ပြောင်းခြင်းနှင့် တည်ဆောက်ပြီး သော ဟိုတယ်၊ မိုတယ်များကို ဖျက်ခြင်းပြုလုပ်မည်မဟုတ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

ပုဂံနှင့်ညောင်ဦးမြို့တို့သည် လက်ရှိတွင် ရှေးဟောင်းအထိမ်း အမှတ်အဆောက်အအုံတည်ရှိရာ ဇုန်အတွင်းရှိနေပြီး အဆိုပါမြို့များ ကို အဆိုပြုရှေးဟောင်းဇုန်အတွင်း ထည့်သွင်းပါက မြို့နှစ်မြို့၏ ရပ် တည်မှုခိုင်မာသွားခြင်း၊ မြို့သူ၊မြို့သားများ စိုးရိမ်မှုကင်းစွာနေထိုင် နိုင်ခြင်း တည်ဆောက်ပြီးစီးသွား သော ဟိုတယ်၊မိုတယ်စီးပွားရေး အဆောက်အအုံများ ဆက်လက် ရပ်တည်ခွင့်ရခြင်း၊ ထို့ပြင် ဒေသခံ များ၏ အကျိုးစီးပွားအတွက် SME အသေးစားအလတ်စား အိမ်တွင်းစီးပွားရေးများကိုလည်း တည်ဆောက်ခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိပုဂံဒေသ၏ ရှေးဟောင်း ဇုန်ဧရိယာသည် ဧရာဝတီမြစ်၏ အရှေ့ဘက်တွင် သတ်မှတ်ထားပြီး တစ်ဖက်ကမ်းရှိ တန့်ကြည်တောင် အပါအဝင် မြစ်အလယ်တွင် ကျွန်းကြီးများရှိနေ သောကြောင့် ထိုဝန်းကျင်၌ ဟိုတယ်များဖွင့်လှစ်ခြင်း၊ ကွန်ဒိုကြီးများ တည်ဆောက်ခြင်း လုပ်ဆောင်ပါက ပုဂံ၏မြင်ကွင်းများ ပျောက်ကွယ်သွားနိုင်ပြီး ဧရာဝတီကို ကာကွယ်ခြင်းနှင့်အတူ ဇုန်ဧရိယာ တိုးချဲ့ရခြင်းဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဒေသတွင် ရပ်ကွက် ရှစ်ခုကျေးရွာ ငါးခုပါဝင်ကာ ဧရိယာ ၇၆၈၅ဧက ကျယ်ဝန်းပြီး ရှေးဟောင်းအထိမ်း အမှတ်အဆောက် အအုံတည်ရာဇုန်၊ ရပ်ကွက် ကိုးခု၊ ကျေးရွာ သုံးရွာပါဝင်သည့် ဧရိယာ ၆၄၁၇
ဧကကျယ်ဝန်းသော ရှေးဟောင်းနေရာတည်ရာဇုန်၊ ကျေးရွာအုပ်စု သုံးခုပါဝင်ပြီး ၁၃၈၆၈ဧက ကျယ်ဝန်း သော ဧကထိန်းသိမ်းရေးဇုန် စုစုပေါင်း အကျယ်အဝန်း ဧရိယာ ဧက ၂၇၉၇ဝ ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger