www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 4, 2017

မြိတ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများဆောင်ရွက်


ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်လင်းအောင် နယ်လှည့်ဆေးကုသရေး အဖွဲ့က
             ဒေသခံပြည်သူများ အားကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေး  
                                               နေမှုကိုကြည့်ရှုအားပေးစဉ်။


နေပြည်တော် ၄-၅ -၂၀၁၇

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နယ်၊ ကဟန်းကျေးရွာအုပ်စု၊ တောင်ဖီလာကျေးရွာ နှင့်ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည် သူများအား ယနေ့တွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေး ကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ အောင်ရတနာ ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကလေးရောဂါ၊ မျက်စိရောဂါ၊ သွားရောဂါနှင့် အထွေထွေရောဂါ ဝေဒနာရှင် ဒေသခံပြည်သူ ၁၂၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများနှင့် နှလုံးခုန်နှုန်းတိုင်းတာခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း စသည့်ရောဂါ ရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး အောင်ရတနာ ကျောင်းတိုက် ဆရာတော်အား ဆန်နှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်းသတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger