www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 4, 2017

ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် သောက်သုံးရေများဖြန့်ဝေလှူဒါန်း


တပ်ရင်း/တပ်ဖွဲ့များက ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် သောက်သုံးရေများ
 ဖြန့်ဝေလှူဒါန်းပေးစဉ်။

နေပြည်တော် ၄-၅-၂၀၁၇

သောက်သုံးရေ ရှားပါးလျက်ရှိသည့် ရန်ကုန်တိုင်း ဒေသကြီး၊ ဒလမြို့နယ်ရှိ မှော်စက်ရပ်ကွက်၊ ကျန်စစ်သားရပ်ကွက်၊ တပင်ရွှေထီး ရပ်ကွက်၊ ကမာကဆစ်ရပ်ကွက်၊ တာကြီးရပ်ကွက်၊ (၁၁/၁၄) ရပ်ကွက်၊ ရာဇသင်္ကြန်ရပ်ကွက်၊ အံ့ကြီး (အနောက်) ရပ်ကွက်များနှင့် စံပြ/တံတားချောင်း ကျေးရွာတို့ရှိ ဒေသခံ ပြည်သူများအတွက် ရန်ကုန်တိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း ပေးလျက်ရှိသည်။

ထိုသို့ လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် ရေကားခုနစ်စီးဖြင့် ရေဂါလန် ၈ဝဝဝ ကိုလည်းကောင်း၊ ရေတင်စစ် ရေယာဉ်တစ်စီးဖြင့် ရေဂါလန် ၂၅ဝဝဝ ကိုလည်းကောင်း စုစုပေါင်း ရေဂါလန် ၃၃ဝဝဝ ကို ဒေသခံ ပြည်သူ ၆၄၁၇၄ ဦးထံ ဖြန့်ဝေလှူဒါန်းပေး နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger