www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 25, 2017

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ပထမနေ့စုံညီ ညီလာခံ အစည်းအဝေးကျင်းပ



နေပြည်တော် ၂၅-၅-၂၀၁၇

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ပထမနေ့စုံညီ ညီလာခံအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC-2) ၌ စတင်ကျင်းပသည်။

အစည်းအဝေး၌ သဘာပတိများအဖြစ် ဒေါက်တာတင်မျိုးဝင်း ဦးဆောင်၍ ဦးဥာဏ်ဝင်း ၊ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း ၊ခိုင်စိုး၊ နိုင်အောင်၊ ဦးစောတင်ဝင်းတို့က ဆောင်ရွက်ကြပြီး သဘာပတိ ဒေါက်တာတင်မျိုးဝင်းကအဖွင့်အမှာ စကားပြော ကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင် ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဦးမျိုးဝင်း၊ ဦးခင်ဇော်ဦး၊ ဦးလှမောင်ရွှေ၊ ဦးနိုင်ငံလင်း ၊ ခွန်မြင့်ထွန်း ၊ ဗိုလ်ချုပ်စိုးနိုင်ဦး နှင့် တာလှဖေတို့က ညီလာခံကျင်းပမည့် ပုံစံရှင်းလင်းတင်ပြခြင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ လုပ်ငန်းအစီရင်ခံစာ တင်သွင်းခြင်း၊ နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေး ကဏ္ဍဆိုင်ရာ အခြေခံမူဝါဒများ တင်သွင်းခြင်း၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ မူဝါဒများ တင်သွင်းခြင်း၊ လုံခြုံရေးကဏ္ဍဆိုင်ရာ အစီရင်ခံစာ တင်ပြခြင်းနှင့် ညီလာခံတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ တင်ပြခြင်းတို့ကို ဆောင်ရွက်ကြပြီး သဘာ ပတိအဖွဲ့ဝင်ဦးဥာဏ်ဝင်းက နိဂုံးချုပ်အမှာ စကားပြော ကြားသည်။

ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ပထမနေ့ စုံညီ ညီလာခံအစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများ အစုအဖွဲ့ ၊ လွှတ်တော်ကိုယ်စားလှယ်များ အစုအ ဖွဲ့ ၊ တပ်မတော်သား အစုအဖွဲ့၊ အစိုးရကိုယ်စားလှယ်များ အစုအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့တို့က သက်ဆိုင်ရာ အစုအဖွဲ့အလိုက်ညီလာခံတွင် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးကြသည်။

ညနေပိုင်းတွင် ညီလာခံပထမနေ့ ဆောင်ရွက်ခဲ့မှုများကို သက်ဆိုင်ရာတာဝန် ရှိသူများက မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ နှင့်တွေ့ဆုံ၍ ရှင်းလင်းပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger