www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 8, 2017

စစ်မှုထမ်းဟောင်း အိမ်ရာဆောက်လုပ်နေမှု အားကြည့်ရှု၊ အသစ်တည်ထား ကိုးကွယ်လျက်ရှိသော မဟာပဋ္ဌာန်းဗုဒ္ဓ စေတီတော်မြတ်ကြီးအတွက် ဘိလပ်မြေအိတ်များလှူဒါန်း


တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော် စစ်မှုထမ်းဟောင်း အိမ်ရာဆောက်
လုပ်နေမှုကို ကြည့်ရှုစစ်ဆေးစဉ်။

နေပြည်တော် ၈-၅-၂၀၁၇

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊ ရွှေပြည်ကုန်းရပ်ကွက်တွင် ဆောက်လုပ်လျက် ရှိသည့် ရေတာရှည်စစ်မှု ထမ်းဟောင်းအိမ်ရာသို့ မေ ၆ ရက် နေ့လယ်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးသည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆွာမြို့၊ ငါးကြီးကွေ့ ဘုန်းတော်ကြီးကျောင်း သို့သွားရောက်၍ အသစ်တည်ထား ကိုးကွယ်လျက်ရှိသော မဟာပဋ္ဌာန်း ဗုဒ္ဓစေတီတော် မြတ်ကြီးအတွက် တိုင်းစစ်ဌာနချုပ်ရှိ အရာရှိ၊စစ်သည်၊ မိသားစုများမှ စုပေါင်းလှူဒါန်းသည့် ဘိလပ်မြေ အိတ် ၁ဝဝ ကို လှူဒါန်းသည်။

ဆက်လက်၍ စေတီတော်မြတ်ကြီး တည်ထား ကိုးကွယ်ရာတွင် နယ်မြေခံတပ်နယ်မှ တပ်မတော်သားများက လုပ်အားဒါန ဆောင်ရွက် ပေးနေမှုများကို ကြည့်ရှုအားပေးပြီး အဆိုပါကျောင်း တိုက်ဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တဝိလာသ အားဖူးမြော်၍ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger