www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 26, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ Diamond Aircraft Industry သို့ သွားရောက်လေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ Diamond Aircraft Industry ၌ လေယာဉ်ထုတ်လုပ် တည်ဆောက်ပုံအဆင့်ဆင့်ကို ကြည့်ရှုလေ့လာစဉ်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ Diamond Aircraft Industry ၌ လေယာဉ်ထုတ်လုပ် တည်ဆောက်ပုံအဆင့်ဆင့်ကို ကြည့်ရှုလေ့လာစဉ်။


နေပြည်တော် ၂၆-၄-၂၀၁၇

သြစတြီးယား နိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၄ ရက်ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် Diamond Aircraft Industry သို့သွားရောက် ကြည့်ရှုလေ့လာသည်။

ဦးစွာ မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား Diamond Aircraft Industry ၏ Chief Executive officer အဖြစ် တာဝန်ယူ ဆောင်ရွက် လျက်ရှိသည့် Mr. Christian Dries နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။ 

ထို့နောက် လေယာဉ်ကိုယ်ထည် စတင်ပုံလောင်းပြုလုပ် သည်မှစ၍ လေယာဉ်ထုတ်လုပ် တည်ဆောက်ပုံ အဆင့်ဆင့်အား ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသသည်။

ယင်းနောက် Diamond Aircraft Industry ထုတ်လေယာဉ်များနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များအား တာဝန်ရှိသူများက အသေးစိတ်ရှင်းလင်း ပြသရာ မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများက သိရှိလိုသည်များ မေးမြန်း၍ ဖြည့်စွက်ဆွေးနွေး ခဲ့ကြသည်။

ဆွေးနွေးလေ့လာမှု များအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် Diamond Aircraft Industry မှ ထုတ်လုပ်သည့် DA-62 လေယာဉ်ဖြင့် လည်းကောင်း၊ အခြားအဖွဲ့ဝင်များသည် ကုမ္ပဏီထုတ်လေယာဉ် များဖြင့် လည်းကောင်း ဗီယင်နာမြို့ တစ်ဝိုက်လှည့်လည် ပျံသန်းကြည့်ရှု၍ ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် Diamond Aircraft Industry ၏ CEO ဖြစ်သူ Mr. Christian Dries နှင့်ဇနီးမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger