www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 24, 2017

တစ်နှစ်တာကာလ အတွင်း ကုန်သွယ်မှုပမာဏ ၂ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး ကြွေးမြီပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၅ဝဝ ကျော်ကို ပြန်လည်ပေးဆပ်နိုင်


ရန်ကုန် ၂၄-၄-၂၀၁၇

လက်ရှိအစိုးရ လက်ထက်တွင် တစ်နှစ်တာကာလ အတွင်း ကုန်သွယ်မှုပမာဏ၂ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး ကြွေးမြီပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၅ဝဝ ကျော်ကို ပြန်လည်ပေးဆပ် နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါကာလ အတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ၂၆ ဒသမ ၃ ဘီလီယံကျော် ရှိခဲ့ပြီး ယခင်ကာလတူ နှင့်နှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာ သန်းပေါင်း ၅၄ဝ ကျော် ကုန်သွယ် မှုပမာဏ တိုးတက်ခဲ့ကြောင်း သိရသည်။

သဘာဝဓာတ်ငွေ့ တင်ပို့မှု လျော့နည်းသွားသော်လည်း လယ်ယာထွက်ကုန်နှင့် ရေလုပ်ငန်းတို့မှ ကုန်သွယ်မှု တိုးတက်ခဲ့ကြောင်း၊ ထို့ပြင် ဝန်ကြီးဌာနများကို လျှော့ချဖွဲ့စည်းခြင်းဖြင့် နှစ်စဉ်လိုငွေပြမှု များကိုလည်း လျှော့ချပေး နိုင်ကြောင်း သိရသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ကျော်ရရှိခဲ့ သော်လည်း သဘာဝဓာတ်ငွေ့ အပါအဝင် စက်မှုကုန်ချော ပစ္စည်းတင်ပို့မှုမှ ဝင်ငွေလျော့နည်း ခဲ့သည်။ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁၆၂ဝ ဒသမ ၈၇၆ သန်းရှိခဲ့ပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁၁၃၆ ဒသမ ၈၇၉ သန်းရှိခဲ့သဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၄၈ဝ ကျော်ပိုမို ရရှိခဲ့သည်။

ယင်းဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၂၈၈ဝ၁ ဒသမ ၆၅၆ သန်းရှိခဲ့ပြီး ယင်းကုန်သွယ်မှု ပမာဏအတွင်း သွင်းကုန် တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၁၇၁၈ဝ ဒသမ ၇၈ဝ သန်းပါဝင်ကြောင်း သိရသည်။

ပြည်ပသို့ လယ်ယာ ထွက်ကုန်များ၊ ရေထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ကုန်များ၊ စက်မှုကုန်ချောများ၊ သစ်တော ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်နှင့် တခြားပို့ကုန်ဟူ၍ ပို့ကုန်အုပ် စုခုနစ်မျိုးအနက် စက်မှုကုန်ချော တင်ပို့မှုမှ ဝင်ငွေအများဆုံး ရရှိခဲ့သော်လည်း ပြီးခဲ့သည့် ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာ သန်း ၃၄ဝ ဝင်ငွေလျော့နည်းခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger