www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 24, 2017

မြောက်ဦးမြို့၊ ရတနာမာရ်အောင် စေတီတော်မြတ်ကြီးအား စိန်ဖူးတော်တင်လှူပူဇော်


ရတနာမာရ် အောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ၀ါယာမိန္ဒ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် 
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးတို့က စိန်ဖူးတော်အား စေတီတော်မြတ်ကြီး
 အထွတ်တွင် တင်လှူပူဇော်စဉ်။

နေပြည်တော် ၂၄-၄-၂၀၁၇

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ မာရ်ငါးပါး သမိုင်းဝင် ရတနာ မာရ်အောင် စေတီတော် မြတ်ကြီး၏ စိန်ဖူးတော် တင်မင်္ဂလာကို ယနေ့ နေ့လယ်ပိုင်းတွင် ပြုလုပ်ရာ မြောက်ဦးမြို့၊ ရတနာမာရ်အောင် ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဝါယာမိန္ဒ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူ ကြပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်စိုးနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ သံဃာတော်များက အနေကဇာတင် ပူဇော်ခြင်းနှင့် အန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ်ပူဇော်
ကြပြီး တက်ရောက်လာ ကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် သံဃာတော်များနှင့် တက်ရောက် လာကြသူများက စိန်ဖူးတော်ကို စေတီတော်ကြီးအား လက်ယာရစ် ပင့်ဆောင် အပူဇော်ခံပြီး ပန်းရထားဖြင့် စေတီတော် အထွတ်သို့ တင်လှူပူဇော်ကြရာ ရတနာမာရ်အောင်ကျောင်းတိုက် ဆရာတော်၊ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပန်းရထားမှတစ်ဆင့် ပင့်ဆောင်၍ တပ်ဆင်ကပ် လှူကြသည်။

အဆိုပါစေတီ တော်မြတ်ကြီးသည် ၂ဝ၁၆ ခုနှစ်၊ သြဂုတ် ၂၄ ရက် ညနေပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် စိန်ဖူးတော်၊ ထီးတော်အပါအဝင် အောက်ခြေကိုယ် လုံးတော်အထိ ထိခိုက်ပျက်စီးမှု များဖြစ်ပေါ် ခဲ့ရာ ရတနာမာရ်အောင် ကျောင်းတိုက်ဆရာတော် ဦးဆောင်သည့် အလှူရှင်များ၏ထည့် ဝင်လှူဒါန်းငွေများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)  မိသားစုများ၏ လှူဒါန်းငွေများနှင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ရှေးမူမပျက် ပြန်လည်ပြုပြင်ခဲ့ ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger