www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 24, 2017

နေပြည်တော်၏ မြို့ပြစီမံကိန်းကို လာမည့် ၂ဝ၄ဝ ပြည့်နှစ်ထိ တွက်ချက် အကောင်အထည်ဖော်လျက်ရှိ


ပြည်ထောင်စုနယ်မြေ နေပြည်တော်ကို အပေါ်စီးမှ တွေ့မြင်ရစဉ်။

နေပြည်တော် ၂၄-၄-၂၀၁၇

ပြည်ထောင်စု နယ်မြေ နေပြည်တော်ကို မြို့တော် တစ်ခုအဖြစ် ဖော်ထုတ်ရာတွင် လိုအပ်သည့် မြို့ပြ စီမံကိန်း ရည်မှန်းချက်ကို လာမည့် ၂ဝ၄ဝ ပြည့်နှစ်ထိ တွက်ချက် ရေးဆွဲထားပြီး ၎င်းရည်မှန်း ချက်ဖြင့် အကောင်အထည် ဖော်လျက်ရှိကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါ မြို့ပြစီမံကိန်း အကြံပြုချက်များတွင် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ ရေရှည်ရှင်သန် ဖွံ့ဖြိုးတိုးတက်စေမည့် မြို့တော်အဖြစ် ဖော်ထုတ်ရန် (Environmentally Sustainable City)၊ စိမ်းလန်းစိုပြည်ပြီး မြို့ပြ အင်္ဂါရပ်များ ပြည့်စုံစွာ စနစ်တကျ ဖြည့်ဆည်း ပေးနိုင်သည့် နေချင်စဖွယ် မြို့ပြအဖြစ် ဖော်ထုတ်ရန် (Green & Livable City)၊ အဆင့်မြင့် ပညာရေးများကို စဉ်ဆက် မပြတ်လေ့လာ ဆည်းပူးသင်ကြား နိုင်သည့်အခွင့် အလမ်းများ၊ နိုင်ငံတကာ အဆင့်မီ ပညာရေး အဆောက်အအုံများ တည်ရှိရာ ဗဟိုချက်မအဖြစ် ဖြည့်ဆည်း ဖော်ထုတ်ရန်(Centre Of Knowledge Hub)၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ခရီးသည် ပို့ဆောင်ရေး သာမကကုန်စည်သယ်ယူ ပို့ဆောင်ရေးနှင့် လေကြောင်း အထောက်အကူပြု ဝန်ဆောင်မှု လုပ်ငန်းများကိုပါ တိုးချဲ့လုပ်ကိုင် စေပြီး နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများနှင့် ချိတ်ဆက်ပေးနိုင်သော ဗဟိုစီးပွား ကူးသန်းမြို့တော်အဖြစ် ဖော်ထုတ်ရန် International Air Transitç Cargo & Logistict Hub)၊ ရာသီဥတု ပြောင်းလဲမှု ဒဏ်ခံနိုင်ရည်အား ဖြည့်ဆည်း ထားသည့် မြို့တော်အဖြစ် ဖော်ထုတ်ရန်(Climate Change Resillient City) တို့ပါဝင်သည်။

''လာမယ့် ၂ဝ၄ဝပြည့်နှစ်ထိ ရည်မှန်း ပြီးတော့ ၂ဝ၄ဝ ပြည့်နှစ်မှာရှိမယ့် လူဦးရေ အခြေအနေပေါ် မူတည်ပြီး အခုကတည်းက ဆောင်ရွက်သင့်တဲ့ ကိစ္စတွေကို မြို့ပြစီမံကိန်း ပညာရှင်တွေက အကြံပြုထားပါတယ်။ အဲဒီ အကြံပြုချက် တွေကို လက်ရှိ ရေးဆွဲ နေတဲ့မြို့ပြ စီမံကိန်း ရည်မှန်းချက်အဖြစ် အတည်ပြုထား ပြီးဖြစ်ပါတယ်။ မြို့ဟောင်းတွေဖြစ်တဲ့ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့တို့က တည်ဆောက်ပြီး ဖြစ်နေတော့ လမ်းတွေ ကျဉ်းမြောင်း နေတာရှိပါတယ်။ ဒါပေမဲ့ ဒြီမို့တွေကိုလဲ သန့်ရှင်း သပ်ရပ်ပြီး စနစ်တကျရှိအောင် ဆောင်ရွက်ရပါမယ်။ အခုဆိုရင် လုပ်နေပေမယ့် စည်းကမ်း လိုက်နာမှု အားနည်း ကြပါတယ်။ ဒါကို အသိတရားနဲ့ ပြည်သူတွေက ပူးပေါင်းဖို့လိုပါတယ်''ဟု နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

နေပြည်တော်သည် မြန်မာနိုင်ငံ၏ အထင်ကရ ရိုးမကြီးနှစ်ခု ကြားတွင် တည်ထားသဖြင့် ပူပြင်းသော်လည်း ခြောက်သွေ့မှုမရှိဘဲ စိမ်းလမ်းစိုပြည်မှု ရှိသောကြောင့် အစိမ်းရောင်မြို့တော်အဖြစ် နိုင်ငံသားများ နေချင် စဖွယ်မြို့တော် တစ်ခုအဖြစ် တည်ဆောက်ရန် အခက်အခဲမရှိဟု ၎င်းက ပြောပြသည်။

ထို့ပြင် ဒေသတွင်းနိုင်ငံများ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ တစ်ဆင့်ကူးလူး ရန်အတွက် အပြည်ပြည်ဆိုင်ရာ အဆင့်မီလေဆိပ် တစ်ခုအဖြစ် ဖော်ထုတ်မည်ဆိုပါက ထိုင်းနိုင်ငံထက်ပင် အချက်အချာကြသော ပထဝီ အနေအထား ရှိသည်ဟု ဆိုသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်သည် မြန်မာနိုင်ငံ၏ အထင်ကရမြို့တော် တစ်ခြုဖစ်ပြီး နိုင်ငံတကာမှ နိုင်ငံတော် အဆင့်ပုဂ္ဂိုလ်များနှင့် အစည်းအဝေးများ၊ ဆွေးနွေးပွဲများ လက်ခံကျင်းပ ပြုလုပ်ပေးနေ ရသော မြို့တော်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ အရေးကြီးဆုံး မြို့တော် ဖြစ်ကြောင်းလည်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger