www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 24, 2017

ဒေသခံပြည်သူများ၏ စားရေးအထောက် အကူဖြစ်စေရန် တန်ဖိုးသင့်ထမင်းနှင့် ဟင်းလျာများအား ဆက်လက် ရောင်းချ

တပ်ရင်း/တပ်ဖွဲ့များက တန်ဖိုးသင့်ထမင်းနှင့်ဟင်းလျာများ ရောင်းချပေးစဉ်။

တပ်ရင်း/တပ်ဖွဲ့များက ဟင်းသီးဟင်းရွက်များနှင့်အသားငါးများ ရောင်းချပေးစဉ်။

နေပြည်တော် ၂၄-၄-၂၀၁၇

ဒေသခံပြည်သူ လူထု၏ စားရေးတွင် အထောက်အကူ ဖြစ်စေရန်နှင့် ကုန်ဈေးနှုန်း မြင့်တက်လာမှုအား တစ်ဖက် တစ်လမ်းမှ လျှော့ချပေးနိုင်ရန် ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ် အသီးသီးရှိ ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံ များမှ ထွက်ရှိသော အသား၊ ငါးများ၊ ဟင်းသီးဟင်း ရွက်များ၊ ကြက်ဥ၊ ဘဲဥများဖြင့် ချက်ပြုတ်ထားသည့် ကျန်းမာရေးနှင့် ညီညွတ်သော တန်ဖိုးသင့်ထမင်းနှင့် ဟင်းလျာများကို တိုင်းစစ်ဌာနချုပ် အသီးသီးရှိ ကွပ်ကဲမှု အောက် တပ်ရင်း/တပ်ဖွဲ့များက တပ်နယ်များ၌ ဒေသခံပြည်သူ များအား ဈေးနှုန်း ချိုသာစွာဖြင့် စီစဉ်ရောင်းချ ပေးလျက်ရှိသည်။

ထိုသို့ရောင်းချ ပေးလျက်ရှိရာ ယနေ့၌ နေပြည်တော် တိုင်းစစ်ဌာနချုပ်တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိ မြို့နယ်၊ရေဆင်းကျေးရွာဈေး ၌လည်းကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် မြစ်ကြီးနား
မြို့နယ်၊ ရွက်လှမြိုင်ရပ်ကွက်၊ ရမ်ပူရပ်ကွက်နှင့် အကျဲကျေးရွာတို့၌ လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တွင် လားရှိုးမြို့၊အမှတ်(၁၂) ရပ်ကွက်နှင့် နမ့်ပေါင်ကျေးရွာဈေး၊ လောက်ကိုင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ကွမ်းလုံမြို့မ ဈေးရှေ့နှင့် ဟိုပန်မြို့၊ နောင်မိုကျေးရွာ ဈေးတို့၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တွင် လွိုင်ကော်မြို့၊ ပြည်သူ့ဆေးရုံ၊ ဒီးမော့ဆိုမြို့ဈေးနှင့် ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ဈေး တို့၌လည်းကောင်း၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ခိုလမ်မြို့ဈေးအနီးနှင့် ပင်လုံမြို့ဈေး အနီးတို့၌ လည်းကောင်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်တွင် မော်လမြိုင်မြို့၊ ကမ်းနားလမ်း သထုံတံတားအနီး၊ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်ရှိ စာသင်ကျောင်းရှေ့၊ ကြာအင်းဆိပ် ကြီးမြို့၊ အမှတ် (၂) ရပ်ကွက်နှင့် ရေးမြို့၊ ရန်ကြီးအောင် ရပ်ကွက်တို့၌ လည်းကောင်း၊ ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်တွင် မြိတ်မြို့၊ ရွှေပေးကျေးရွာ ဈေးရှေ့၊ မြိတ်ဆိပ် ကမ်းရှေ့နှင့် ဆိပ်ငယ် ဗောတံတား၊ ကလိန်အောင်မြို့ဈေးရှေ့၊ ကံပေါက်မြို့ဈေးရှေ့၊ ပုလော-
မြိတ်ကားလမ်း ဒေါလမ်းဆုံနှင့် ခမောက်ကြီးမြို့၊ စာသင်ကျောင်းလမ်းဆုံ တို့၌လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တွင် လှိုင်သာယာမြို့နယ်၊ဒဂုံဧရာအဝေးပြေးကားဂိတ်၊ မရမ်းကုန်းမြို့နယ၊် သမိုင်းဈေး၊ သန်
လျင်မြို့နယ် ၊ဗိုလ်ချုပ် ကျေးရွာနှင့် အောင်ချမ်းသာဈေးရှေ့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ လေးထောင့်ကန်ဈေး၊ မင်္ဂလာဒုံမြို့နယ်၊ အနန်းပင်ရပ်ကွက်၊ မှော်ဘီမြို့နယ်၊ တပ်နယ် အခွန်လွတ်ဈေး၊ တိုက်ကြီးမြို့နယ်၊ တိုက်ကြီးဈေးနှင့် ဥက္ကံဈေးရှေ့၊လှည်းကူးမြို့နယ်၊ သပိတ်ကုန်း စစ်မှုထမ်းဟောင်း အိမ်ရာနှင့် သရပ်ကုန်းဈေး၊ ဒလမြို့နယ်၊ ကမာကဆစ် ရပ်ကွက်တို့၌ လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင် ပုသိမ်
မြို့၊ အမှတ် (၄) ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံ ၀င်းအတွင်း၊ ကမ်းနားလမ်းရှိ ဗိုလ်မြတ်လေး ဗောတံတားဆိပ်နှင့် မြို့မဈေးအနီး၊ မြောင်းမြမြို့၊ ဘုရားငုတ္တိုရှမ်း စုကျေးရွာဈေးတန်း အနီးနှင့် ဖျာပုံမြို့၊ ၁၀ နာရီဈေး ထိပ်တို့၌ လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် စစ်တွေမြို့၊ အဝေးပြေး ကားဂိတ်နှင့် စစ်တွေတပ်နယ်ဈေး တို့၌လည်းကောင်း ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တွင် ဘုတလင်မြို့နယ်၊ ငပယင်းကျေးရွာ၊ ကျောက်မြောင်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ သင်္ဘောဆိပ်နှင့် ဟားခါးမြို့မဈေးအနီးတို့၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တွင် တောင်တွင်းကြီးမြို့၊ မြို့မဈေးနှင့် ပြည်သူ့ဆေးရုံတို့၌ လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် တောင်ငူမြို့၊ အထွေထွေရောဂါ ကုဆေးရုံကြီး၊ ရေတာရှည်မြို့နယ်၊သာဂရဈေးရှေ့၊ အုတ်တွင်းမြို့ဈေးလမ်းဆုံ၊ ကျောက်ကြီးမြို့နယ်၊ ကျွဲခြံကျေးရွာ၊ ဖြူးမြို့၊ညောင်ပင်သာ ဈေးရှေ့၊ ပဲခူးမြို့၊ အထွေထွေ ရောဂါကုဆေးရုံကြီး၊ အင်းတကော်မြို့၊ ခမိတ်ဈေးရှေ့နှင့် အင်းတကော်တာဆုံ၊ ပြည်မြို့
၊ပြည်သူ့ဆေးရုံကြီး၊ အင်းမမြို့၊ မြို့မဈေးရှေ့ နှင့် ထန်းကုန်းကျေးရွာ၊ ပန်းတောင်းမြို့၊ ရွှေဘုံသာကျေးရွာနှင့် ဥသျှစ်ပင် ကျေးရွာတို့၌လည်းကောင်း ဒေသခံပြည်သူ များအတွက် တန်ဖိုးသင့် ထမင်းနှင့် ဟင်းလျာများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger