www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 4, 2017

မြိုင်မြို့နယ်ရှိ သိုး၊ဆိတ် မွေးမြူရေးတောင်သူများ နွေဥတုတွင် သိုး၊ဆိတ် စားကျက်နေရာ အခက်အခဲဖြင့် ရင်ဆိုင်နေရ



မြိုင် ၄-၄-၂၀၁၇

မြိုင်မြို့နယ်ရှိ သိုး၊ ဆိတ်မွေး မြူကြသည့် တောင်သူများ အနေဖြင့် နွေဥတုတွင် သိုး၊ ဆိတ်များ လွှတ်ကျောင်း နိုင်သည့် စားကျက်နေရာ အခက်အခဲ များဖြင့် ရင်ဆိုင် နေရကြောင်း မြိုင်မြို့နယ် သိုး၊ ဆိတ်မွေးမြူရေး 
လုပ်ကိုင်ကြသူ များထံမှ သိရသည်။

''မြိုင်မြို့နယ် ကျေးရွာတိုင်းမှာသိုး၊ ဆိတ်မွေးမြူသူတွေ အများကြီး ရှိပါတယ်။ ကုမ္ပဏီတွေကလဲ နေ့စဉ်လိုလို သိုး၊ ဆိတ်တွေကို ကားကြီး၊ ကားငယ်တွေနဲ့ ကျေးရွာတွေထိ ဆင်းပြီးဝယ် ယူကြတယ်။ ဈေးကွက် လွယ်ကူ နေတော့ မွေးမြူသူ ကလဲပေါ ပါတယ်။ သိုး၊ ဆိတ်မွေးမြူသူ ပေါနေပေမယ့် စားကျက်နေရာက ရှားနေတယ်။ အထူးသဖြင့် နွေဥတု ရောက်တိုင်း သိုး၊ ဆိတ်ကျောင်းဖို့ စားကျက် နေရာက ပိုရှားပါတယ်။ စားကျက်ကောင်း တဲ့နေရာ တွေ့ပြန်တော့လဲ သွားရတဲ့ ခရီးကဝေးတော့ ခြံထဲပြန်သွင်း တဲ့အခါမှာ အစာကျေပြီး သိုး၊ ဆိတ်တွေ အစာမဝဘူး။ဒါကြောင့် နွေဥတုရောက်တိုင်း စားကျက် အခက်အခဲနဲ့ ရင်ဆိုင်နေ ရပါတယ်''ဟု သိုး၊ ဆိတ်မွေးမြူသူ တောင်သူ တစ်ဦးက ပြောပြသည်။

''မြိုင်မြို့နယ်မှာ သိုး၊ဆိတ်မျိုး ကောင်း၊ မျိုးသန့်တွေ အများကြီး ရှိပါတယ်။ မျိုးကောင်းတွေ ရှိသလို မွေးမြူသူတွေလဲ ပေါပါတယ်။ မြိုင်မြို့နယ်မှာ မွေးမြူရေးကုန်ချော အနေနဲ့ အရောင်းသွက်တဲ့ ကာလမှာ တစ်နေ့ကို ဆိတ်ကား ၁ဝ စီး၊ နွားကား ငါးစီးရောင်းချ နေရပါတယ်။ လက်ရှိ အခက်တွေ့နေတာက စားကျက်နေရာ ရှားပါးတဲ့အခက် အခဲပါ။ တချို့တောင်သူတွေက သူတို့ ဆိတ်၊ သိုးတွေရဲ့အနေအထား ပေါ်ကြည့်ပြီး ရှားသီးနဲ့ မြေပဲခွံ တွေကို ဝယ်ယူပြီး စုဆောင်း ကြပါတယ်''ဟု မြိုင်မြို့နယ် မွေးမြူရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးလှထူးက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger