www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 26, 2017

မြိုင်မြို့နယ် လယ်တီကျေးရွာအနီး စပါယ်ရုံတော၌ပိုင်ရှင်မဲ့ ပိတောက်သစ်များ ရှာဖွေတွေရှိ့




မြိုင် ၂၆-၄-၂၀၁၇

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် မကျီးကန် ကျေးရွာအုပ်စု လယ်တီကျေးရွာအရှေ့ ဘက်တစ်မိုင်ခန့်အကွာ စပါယ်ရုံတော၌ ပိုင်ရှင်မဲ့ပိတောက် သစ်များကို ဧပြီ ၂၄ ရက် နံနက် ၁ဝနာရီခန့်က
ရှာဖွေတွေ့ရှိကြောင်း သိရသည်။

၎င်းတွေ့ရှိမှုတွင် ဧပြီ ၂၄ရက် နံနက် ၆နာရီမိနစ်၂ဝက ပြည်သူ တစ်ဦးက သစ်ကားသုံးစီးမောင်းနှင် သွားမှုကို မြင်သောကြောင့် မြိုင်မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ ဖုန်းဖြင့် ဆက်သွယ်သတင်းပေးပို့ သဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူး၏ ထပ်မံသတင်း ပေးပို့မှုအရ မြို့နယ် ရဲတပ်ဖွဲ့ ရဲအုပ်မျိုးခိုင်ပါ ခြောက်ဦး၊ မြို့နယ်သစ်တောဦးစီးမှူး ဦးဝင်းနိုင်ဦး ပါခြောက်ဦး၊ သစ်တောရဲသုံးဦး၊ သက်ဆိုင်ရာကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ပိတ်ဆို့ရှာဖွေကြရာ သစ်သယ်ဆောင်လာသော မော်တော်ယာဉ်သုံးစီးသည် သစ်များကို စပါယ်ရုံတော၌ နှစ် နေရာခွဲပုံထားပြီး ထွက်ပြေးသွားကြောင်း သိရသည်။

ရှာဖွေတွေ့ရှိသည့် သစ်များမှာ ပိတောက်သားသစ်အရွယ်စုံ ၄၄ တုံး၊တန်ချိန် ၆ဒသမ၁၉၆၂တန်ခန့် ကာလတန်ဖိုးငွေကျပ် ၁၅၄၉ဝ၅ဝ ဖမ်းဆီးရမိသည်။

ရှာဖွေတွေ့ရှိသည့် သစ်များကို မြိုင်မြို့နယ် သစ်တောဦးစီး ဌာနရုံးသို့ ပြောင်းရွှေ့သယ်ယူခဲ့ ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger