www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 24, 2017

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ပြည်ပ ပို့ကုန်အမေရိကန် ဒေါ်လာသန်း ၅ဝဝ ခန့် ပိုမိုတင်ပို့နိုင်သောကြောင့် ယခင်ဘဏ္ဍာနှစ်ထက် ကုန်သွယ်မှုပမာဏမြင့် တက်ခဲ့



နေပြည်တော် ၂၄-၄-၂၀၁၇

မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန် အမေရိကန် ဒေါ်လာသန်း ၅ဝဝခန့် ပိုမိုတင်ပို့ နိုင်သောကြောင့် ယခင်နှစ်ထက် ကုန်သွယ်မှုပမာဏ မြင့်တက် ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန သတင်းများအရ သိရသည်။

ပို့ကုန်တင်ပို့မှုများကို ကုန်ပစ္စည်းအမည် အလိုက် သုံးသပ်ကြည့်ပါက မတ်ပဲတင်ပို့မှုတွင်၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်က တန်ချိန် လေးသိန်းကျော် အမေရိကန် ဒေါ်လာ ၄၂၅သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင်တန်ချိန် ငါးသိန်းကျော် အမေရိကန်ဒေါ်လာ ၆၃၅ သန်းဖိုး တင်ပို့နိုင်ခဲ့ သဖြင့် မတ်ပဲတန်ချိန် ကိုးသောင်းကျော် အမေရိကန် ဒေါ်လာသန်း၂၁ဝ ကျော်၊ မြေပဲဆန်တင်ပို့မှု တွင်၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်က တန်ချိန် သုံးသောင်းကျော် အမေရိကန် ဒေါ်လာ ၄၃သန်းဖိုး တင်ပို့ခဲ့ပြီး၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာနှစ်တွင် တန်ချိန်ရှစ်သောင်းကျော် အမေရိကန် ဒေါ်လာ သန်း ၁ဝဝ ခန့် တင်ပို့နိုင်ခဲ့သဖြင့် တန်ချိန် ငါးသောင်း ကျော် အမေရိကန်ဒေါ်လာ ၅၆ သန်းကျော်ပိုမိုတင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။

ဖရဲသီး၊ သရက်သီး၊ သခွားမွှေးသီး တင်ပို့မှုတွင် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်က တန်ချိန် ငါးသိန်း၊ အမေရိကန်ဒေါ်လာ သန်း ၆ဝ ကျော်ဖိုး တင်ပို့နိုင်ခဲ့ပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် တန်ချိန် ခြောက်သိန်းခန့် အမေရိကန်ဒေါ်လာ သန်း ၇ဝကျော်ဖိုးခန့် တင်ပို့နိုင်ခဲ့သည်။ ရော်ဘာတင်ပို့ မှုတွင် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်က တန်ချိန် ခုနစ်သောင်းကျော် အမေရိကန်ဒေါ်လာ သန်း၉ဝခန့် တင်ပို့နိုင်ခဲ့ပြီး ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာ နှစ်တွင် တန်ချိန် တစ်သိန်းကျော် အမေရိကန်ဒေါ်လာ ၁၆၁သန်းကျော် တင်ပို့နိုင်ခဲ့သည်။

ထို့ပြင် ရေထွက်ကုန်ပစ္စည်း ကဏ္ဍ၊ ချုပ်ပြီးအထည်တင်ပို့မှု ကဏ္ဍ၊ Re-Export စနစ်ဖြင့် သကြားတင်ပို့မှုကဏ္ဍ၊ တာယာ၊ဆန်၊ မြေပဲဆန်၊ အဆင့်မြင့်ဒီဇယ် တင်ပို့မှုကဏ္ဍများမှ အမေရိကန် ဒေါ်လာ၁၂၅သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့သဖြင့် ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာ နှစ်တွင် စုစုပေါင်းပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ကျော်ဖိုးခန့် ပိုမိုတင်ပို့နိုင် ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger