www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 26, 2017

ချင်းပြည်နယ် ရိဒ်ရေကန်သို့ အိန္ဒိယနိုင်ငံမှ လာရောက် လေ့လာမှုများပြား




ဟားခါး ၂၆-၄-၂၀၁၇

ချင်းပြည်နယ်အတွင်း ထင်ရှားသော ရိဒ်ရေကန်ကို အခြေပြုကာ ခရီးသွား လုပ်ငန်းများအား မြှင့်တင်ဆောင်ရွက် လျက်ရှိပြီး အိန္ဒိယနိုင်ငံမှ လာရောက်လေ့လာမှု များပြား လျက်ရှိကြောင်း ဟားခါးမြို့ ပြည်နယ်လွှတ်
တော်ကိုယ်စားလှယ် ဦးဇိုဘွဲထံမှ သိရသည်။

အဆိုပါ ရိဒ်ရေကန်သည် ချင်းပြည်နယ် အနောက်ဘက် အိန္ဒိယ-မြန်မာနယ်စပ် ဖလမ်းမြို့နယ်အတွင်း ရိခေါဒါရ်မြို့၏ မြောက်ဘက်တွင် တည်ရှိသည့်အတွက် အိန္ဒိယနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်
လေ့လာမှုများ ပြားကြောင်း သိရသည်။

ထို့ပြင် တခြားသော ပြည်ပနိုင်ငံများမှလည်း လာရောက်လည်ပတ်မှု များရှိလာသည့်အတွက် ယင်းဒေသအခြေပြု ခရီးသွားလုပ် ငန်းများကို မြှင့်တင်ဆောင်ရွက် နေကြောင်း သိရသည်။

ယင်းခရီးသွား လုပ်ငန်းများ တိုးတက်ရေးအတွက် ရေကန်သဘာဝ ပထဝီဝင် အနေအထား အကျိုးသက်ရောက်မှု များရှိနိုင် သည့်အခြေအနေနှင့် အနီးအနားရှိ ကျေးရွာများ အထိပါ ကွင်းဆင်း လေ့လာမှုများ ပြုလုပ်ထားကြောင်း၊ ရိဒ်ရေကန်သည် အသည်းပုံသဏ္ဌာန် ရှိနေပြီး ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၂၉၆၆ မြင့်သော တောင်တန်းများကြား ထူးခြားစွာတည်ရှိနေ သည့်အတွက် လာရောက် လေ့လာကြခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းရိဒ်ရေကန်သို့ နယ်စပ်ဖြတ်ကျော်ကာ လာရောက်လေ့လာကြပြီး လာရောက် လေ့လာသူများ တည်းခိုမှုအဆင်ပြေစေရန် ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်း ထင်ရှားသော ရိဒ်ရေကန်သည် အကျယ်အဝန်းအားဖြင့် ဧရိယာ ၈၃၂ ဧကရှိပြီး ရေကန်ပတ်လည် အကျယ်သည် ၂ ဒသမ ၅ မိုင်ရှိကြောင်း၊ ပျမ်းမျှရေ အနက်သည် ပေ ၄ဝ ခန့်ရှိပြီး အနက်ဆုံး
နေရာသည် ပေ ၅ဝ ကျော်ရှိနေကြောင်း၊ ကမ္ဘာပေါ်တွင်ရှိ သမျှသော ရေကန်များနှင့် မတူဘဲ ထာဝရရေမခန်းသော တစ်မူထူးခြား ဆန်းကြယ်သည့် တောင်ပေါ်ရေကန်တစ်ခု ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger