www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 5, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးအားလက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mrs. Luan Thuy Duong အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၅-၄-၂၀၁၇

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mrs. Luan Thuy Duong အား လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး နှင့်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်တူ စစ်သံမှူး Colonel Nguyen Duc Giang နှင့် Viettel Company မှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ပြီးခဲ့သည့်မတ်လတွင် ဗီယက်နမ်နိုင်ငံ သို့သွားရောက်ခဲ့သည့် ချစ်ကြည်ရေး ခရီးစဉ်သည် အောင်မြင်သည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း ဦးစွာပြောကြား၍ နှစ်နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား အဆင့်လိုက်စစ်ဘက် ဆိုင်ရာခေါင်းဆောင်များ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေး ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာဆက်ဆံရေး သင်တန်း၊ နိုင်ငံခြားဘာသာ စကားသင်တန်းနှင့် စစ်ဘက်သင်တန်းဆိုင်ရာ သင်တန်းသားများ စေလွှတ်ရေး၊ ဆေးပညာ  ရပ်နှင့်စစ်ဘက်ဆက်သွယ်မှု ပညာရပ်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ရေးနှင့် ချစ်ကြည်ရေးအားကစား အဖွဲ့များအပြန်အလှန် စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းမှ Star High Co.Ltd ၊ Viettel Global Investment JSC နှင့် ပုဂ္ဂလိကအများ ပိုင်ကုမ္ပဏီဖြစ်သည့် Myanmar National Telecom Holding Public Limited တို့ ပူးပေါင်းဆောင်ရွက် ထားသည့် မြန်မာနိုင်ငံ၏ စတုတ္ထအော်ပရေတာ အဖြစ် Mytel GSM Network လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေများ၊ စိုက်ပျိုးရေးကဏ္ဍတွင် နည်းပညာများ ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးမြှင့်ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ အားရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီးတို့သည် အဖွဲ့ဝင်များနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger