www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 17, 2017

လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်၌ သွားလာနေသည့် မော်တော်ယာဉ်များအား TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ် ၊ ဆက်ကြေးကောက် ၊ လမ်းပိတ်ဆို့ ထားမှုအား တပ်မတော်မှ ထပ်မံရှင်းလင်းခဲ့ရ


TNLA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ငယ်များဖြင့် ပစ်ခတ်ထားသည့်
 မော်တော်ယာဉ်များကို တွေ့ရစဉ်


နေပြည်တော် ၊ ၁၇-၃-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ် သွားလာလျက် ရှိသည့် မော်တော်ယာဉ် များအား မတ် ၁၅ ရက် နံနက်ပိုင်းတွင် TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က ဟိုနောင်ကျေးရွာ အနီး၌ မော်တော်ယာဉ် ဘီးများအား လက်နက်ငယ် များဖြင့်ပစ်ခတ်၍ လမ်းကြောင်း ပိတ်ဆို့ထားရှိ မှုကြောင့် တပ်မတော် စစ်ကြောင်း များက သွားရောက်ရှင်းလင်း ခဲ့ရသည်။

ထို့အတူ ယမန်နေ့နံနက် ၃ နာရီခွဲခန့် တွင်လည်း ကွတ်ခိုင်မြို့မှ မူဆယ်မြို့ဘက်သို့ သွားလာလျက် ရှိသည့် မော်တော်ယာဉ် များအား TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ အင်အား ၂ဝ ဦးခန့်က ခိုမုန်းကျေးရွာအနီးရှိ လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီး ပေါ်၌ မော်တော်ယာဉ် ဘီးများအား လက်နက်ငယ် များဖြင့်ပစ်ခတ်၍ လမ်းကြောင်း ပိတ်ဆို့ထားရှိကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းက ထပ်မံသွားရောက် နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ ရသည်။

အဆိုပါနေရာ၌ ၂၂ ဘီးယာဉ် ခြောက်စီးနှင့် ခရီးသည်တင် မှန်လုံယာဉ် တစ်စီး၊ စုစုပေါင်း မော်တော်ယာဉ် ခုနစ်စီးတို့ဖြင့် လမ်းကြောင်း ပိတ်ဆို့ထားရှိ သည်ကို တွေ့ရှိရပြီး TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က ယာဉ်မောင်းများထံမှ လက်ကိုင်ဖုန်းနှင့် ငွေကြေးများ ယူဆောင် သွားကြောင်း သိရှိရသည်။

တပ်မတော် စစ်ကြောင်းက လမ်းကြောင်း ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ရာ နံနက် ၇ နာရီခွဲခန့်တွင် မော်တော်ယာဉ်များ ပုံမှန် သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger