www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 21, 2017

နှစ်စဉ် ကလေး ၁၂၀၀၀ ဦးထက်မနည်း ဆေးဝါးမှတစ်ဆင့် ဘိန်းအဆိပ်သင့်မှု ခံစားနေရ



နယူးယောက် ၊ ၂၁-၃-၂၀၁၇

အမေရိကန် ပြည်ထောင်စုတွင် ဆယ်ကျော်သက်များ ကိုသာမက ကလေးသူငယ်များ ကိုပါ ဆရာဝန်များက မှားယွင်းစွာဖြင့် ဘိန်းပါသော အကိုက်အခဲ ပျောက်ဆေးများကို ပေးမိသည့် အတွက် နှစ်စဉ် ကလေး ၁၂၀၀၀ ဦးထက်မနည်း ဆေးဝါးမှတစ်ဆင့် ဘိန်းအဆိပ်သင့်မှုကို ခံစားနေရကြောင်း အမေရိကန် ပြည်ထောင်စု၊ ရောဂါ ထိန်းချုပ်ရေးနှင့် တားဆီး ကာကွယ်ရေးဌာန CDC က ထုတ်ပြန် ကြေညာသည်။ 

ဆရာဝန်များက အသက်ငယ်ရွယ်လွန်း သူများကို  buprenorphine ကဲ့သို့ ဆေးဝါးများကို သတိမမူမိဘဲ ပေးမိနေခြင်း ဖြစ်ကြောင်း၊ ၄င်းဆေးဝါးသည် ဘိန်းစွဲခြင်းကို ဖြတ်ရာတွင် အသုံးပြုသည့် ဆေးဝါးများအုပ်စု တွင် ပါဝင်ကြောင်း၊ ဆယ်ကျော်သက် များကမူ အဆိုပါဆေးဝါး များကို မလိုအပ်ဘဲ အလွဲသုံး နေကြသည်ကို လေ့လာတွေ့ ရှိရကြောင်း CDC မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ 

" အကိုက်အခဲ ပျောက်ဆေး အပြင်းစားတွေမှာ ဘိန်းအာနိသင် ပါဝင်ပါတယ်။ လူကြီးတွေမှာတောင် ဒီဆေး တွေကို  စွဲလန်းတဲ့ ရောဂါကြောင့် ဘိန်းအဆိပ်သင့်မှု ဖြစ်ပွားသေဆုံး တာကို မကြာခဏ ကြားသိနေရ ပါတယ်။ အဲဒီလို ဆေးအပြင်းစား မျိုးကို ဆယ်ကျော်သက် တွေကိုပေးမိရာ ကနေ အခုဆိုရင် လူမမည်အရွယ် ကလေးငယ်တွေ ကိုတောင်  မှားယွင်းတိုက်ကျွေး မိတာတွေ ဖြစ်ပွားနေပါတယ်။ နှစ်စဉ် ကလေးပေါင်း သောင်းနဲ့ ချီ ဆေးရုံကို တက်ရောက်ကုသမှု ခံယူနေရပါတယ်။ ဒီလိုဖြစ်နေတာကို ထိရောက်စွာ ဟန့် တားဖို့  အချိန်တန် နေပါပြီ " ဟု ၄င်းက ဆက်လက် ပြောပြသည်။ 

အမေရိကန် ပြည်ထောင်စုသည် ဘိန်းအာနိသင် ပါသော အပြင်းစား အကိုက်အခဲ ပျောက်ဆေးများ၏ လွှမ်းမိုး ချယ်လှယ်မှုကို တဖြည်းဖြည်း ခံနေရပြီဖြစ်ကြောင်း၊ ၄င်းဆေးဝါးများကို မူးယစ်ဆေးဝါး သဖွယ်သုံးစွဲ လာကြ ပြီး ဆေးလွန်ကဲသေဆုံးမှုသည်လည်း စံချိန်တင်များပြား လာပြီဖြစ်ကြောင်း၊ ၂၀၁၄ တစ်နှစ်ထဲတွင် ဘိန်းပါသည့် အကိုက်အခဲ ပျောက်ဆေး လွန်ကဲစွာ သုံးစွဲမှုကြောင့် သေဆုံးသူ ၄၇၀၀၀ ဦးရှိခဲ့ကြောင်း၊ ၄င်းနှစ်တွင်ပင် ယာဉ်/လမ်း အန္တရာယ်ကြောင့် သေဆုံးသူ ၃၂၀၀၀ ဦးသာရှိခဲ့ရာ ကမ္ဘာပေါ်တွင် လူသေဆုံးမှု အများဆုံး ကိုဖြစ်စေသည့် ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေ ကိုပင် ဘိန်းပါသည့် ဆေးလွန်ကဲမှုကြောင့် သေဆုံးသူ ဦးရေက ကျော်လွန် သွားခြင်းပင် ဖြစ်ကြောင်း သိရသည်။ 

ဘိန်းဖြူအာနိသင် ပါရှိပြီး ကလေးငယ်များ ကိုပင် တိုက်ကျွေးမိ နေသော ဆေးဝါးများမှာ hydrocodone, codeine, oxycodone, propoxyphene, tramadol, morphine, methadone, buprenorphine, meperidine, hydromorphone, fentanyl, အစရှိသည့် ဆေးဝါးများဖြစ်ကြောင်း၊ ကလေးငယ်များ ဖြစ်သည့် အလျောက်  ၄င်းဆေးဝါးများကို အလိုအလျောက် ရရှိလာခြင်း မဟုတ်ဘဲ ဆရာဝန်က ဆေးညွှန်း ပေး၍သာ စတင်ရရှိခြင်း ဖြစ်သည့်အတွက် အမေရိကန် ပြည်ထောင်စုတွင် ၄င်းကိစ္စကို ကြပ်မတ်ဆောင်ရွက် သွားတော့မည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger