www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 14, 2017

လေထုအရည်အသွေး တိုင်းတာရာတွင် ရန်ကုန်မြို့ရှိ နေရာ ၁၇ နေရာ တိုင်းတာရန်ကျန်ရှိနေသေး


ရန်ကုန် ၊ ၁၄-၃-၂၀၁၇

ရန်ကုန်မြို့အတွင်း လေထု အရည်အသွေး တိုင်းတာမှု ပြုလုပ်ရန် နေရာ ၁၇ နေရာ ကျန်ရှိနေသေးသည့် အတွက် ဆက်လက် တိုင်းတာမည်ဖြစ်ပြီး ဧပြီလအတွင်း ပြီးစီးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန လက်ထောက် ဌာနမှူး ဒေါက်တာ အောင်မြင့်မော် ထံမှ သိရသည်။

အဆိုပါ လေထုအရည်အသွေး တိုင်းတာခြင်းများကို ယခုနှစ်အတွက် နေရာပေါင်း ၅ဝ အထိ တိုင်းတာမှုပြီးစီးခဲ့ပြီး လက်ရှိတွင် တိုင်းတာရန် နေရာ ၁၇ နေရာ ကျန်ရှိနေခြင်း ဖြစ်သည်။ တိုင်းတာရာတွင် လေထုအတွင်းရှိ ဓာတ်ငွေ့ငါးမျိုးနှင့် အမှုန်အမွှား လေးမျိုးတို့ ကိုသာမက ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားသည့် စံချိန်စံညွှန်းများဖြင့် အမှုန်အမွှားများ၊ Carbondioxide ၊ Carbon Monoxide ၊ Methane ၊ Nitrogendioxide ၊ Sulphurdioxide ၊ လေထုစိုထိုင်းစ၊ Sound ၊ အပူချိန် ၊ Wind Direction ၊ Wind Speed တို့ကိုပါ တိုင်းတာမည် ဖြစ်သည်။

လေထုအရည်အသွေး တိုင်းတာခြင်းများ လုပ်ဆောင်မှု အနေဖြင့် ၂ဝ၁၆ ခုနှစ်အတွက် တိုင်းတာပြီးစီးခဲ့ပြီး ၂ဝ၁၇ ခုနှစ်အတွက် တိုင်းတာရာတွင် ၆၇ နေရာ တိုင်းတာရမည် ဖြစ်သည်။ ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှု တိုင်းတာရာတွင် မဟာဗန္ဓုလပန်းခြံ၊ ရန်ကုန်ဘူတာကြီး၊ မြေနီကုန်းလမ်းဆုံ၊ လှည်းတန်းလမ်းဆုံ၊ ရွှေဂုံတိုင်အဝိုင်း၊ သင်္ဃန်းကျွန်း စံပြဈေး၊ တက္ကသိုလ်ရိပ်သာ လမ်းဆုံ၊ ဘုရင့်နောင်လမ်းဆုံ၊ သခင်မြပန်းခြံ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (သူနာပြုတက္ကသိုလ် အနီး)၊ နာနတ်တောလမ်း၊ လှိုင်မြို့နယ်နှင့် မင်္ဂလာဒုံ တို့ပါဝင်သည်။ ရန်ကုန်မြို့၌ လေထု အရည်အသွေး တိုင်းတာမှုများကို အထိုင် တပ်ဆင်ထားသည့် စက်သုံးလုံးနှင့် ရွေ့လျား တပ်ဆင်ထားသော စက်တစ်လုံး ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger