www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 23, 2017

(၇၂)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုအလှူငွေများ ပေးအပ်လှူဒါန်း


ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး အခမ်းအနား တက်ရောက်လာသူ 
များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စဉ်

တပ်မတော်နေ့ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် 
ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး အလှူငွေများ လက်ခံရယူစဉ်

နေပြည်တော် ၊ ၂၃-၃-၂၀၁၇

(၇၂)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုအလှူငွေများ ပေးအပ် လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း ရှိ ဆင်ဖြူရှင် ခန်းမ၌ကျင်းပ ပြုလုပ်ရာ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တပ်မတော်နေ့ ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ တပ်မတော်နေ့ စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် ဇော်တင်နှင့် စစ်ကြောင်းမှူးများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာ အလှူရှင်များ ဖြစ်ကြသော မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ မြဝတီ ထရေးဒင်း ၏ မိတ်ဖက်ကုမ္ပဏီ ၆၉ ခု၊ နန်းသဇင် ကုမ္ပဏီ၊ မြဝတီဘဏ် လီမိတက် ၊ Dagon Win Win Co., Ltd. ၊ International Gateways Co., Ltd.၊ ကြယ်နီလာကုမ္ပဏီ များအုပ်စု၊ ကမ္ဘောဇဘဏ် လီမိတက်၊ Max Myanmar ကုမ္ပဏီလီမိတက်၊ ဦးလှမျိုး၊ အောင်မြင်သူ အုပ်စု ကုမ္ပဏီလီမိတက်၊ လိုတရ တောင်းတိုင်းရ ကျောက်မျက် တူးဖော်ရေးနှင့် သယ်ယူပို့ဆောင် ရေး ကုမ္ပဏီ၊ IBDC Co., Ltd. များပါဝင်သော စုစုပေါင်းကုမ္ပဏီ ၁၉၉ ခုတို့မှ ဂုဏ်ပြုအလှူငွေ စုစုပေါင်းငွေကျပ် ၇၃၅၃ သိန်းကျော်အား ပေးအပ်လှူဒါန်းကြရာ တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ကြသည်။

ထို့နောက် အလှူရှင်များ ကိုယ်စား အလှူရှင်တစ်ဦးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဂုဏ်ပြုအလှူငွေ ပေးအပ်လှူဒါန်းပွဲ အပြီးတွင် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက တက်ရောက်လာသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger