www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 24, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၇ ခုနှစ် ၊ (၇)ကြိမ်မြောက် ဂျပန်ဖလား ကရာတေးဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ချီးမြှင့်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တက်ရောက်လာကြသူများ 
ကရာတေးဒိုအားကစားသမား များ၏ သရုပ်ပြသမှုကို ကြည့်ရှုအားပေးစဉ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရာတေးဒိုပြိုင်ပွဲဝင် 
အားကစားသမားများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်စဉ်

နေပြည်တော် ၊ ၂၄-၃-၂၀၁၇

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် မြန်မာနိုင်ငံ ကရာတေးဒို အဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ၂ဝ၁၇ ခုနှစ်၊ (၇)ကြိမ်မြောက် ဂျပန်ဖလား ကရာတေးဒို ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) (သုဝဏ္ဏ)၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ Mr. Watanabe ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tateshi Higuchi ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတို့မှ တာဝန်ရှိသူများ၊ ရန်ကုန်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ နှင့်အားကစား ဝါသနာရှင်များ တက်ရောက် ကြသည်။

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tateshi Higuchi က အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားပြီး အခမ်းအနားအား ဖွင့်လှစ်ပေးသည်။ ထို့နောက် မြန်မာနိုင်ငံ ကရာတေးဒို အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ ဝင်းဇော် က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ယင်းနောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစား သစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ၊ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံ ကရာတေးဒို အဖွဲ့ချုပ်ဥက္ကဋ္ဌ တို့က အားကစားသမား များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာ အမှတ်တရ လက်ဆောင်ပစ္စည်း များပေးအပ်သည်။

၎င်းနောက် အားကစားသမား များက အားကစားနည်းများ အလိုက် သရုပ်ပြသကြပြီး ပြိုင်ပွဲပထမနေ့ကို စတင်ယှဉ်ပြိုင် ကစားကြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် တက်ရောက် လာကြသူများက ကြည့်ရှုအားပေး ကြသည်။

ယမန်နေ့ကျင်းပ ပြုလုပ်သည့် ဂျပန်ဖလား ကရာတေးဒိုပြိုင်ပွဲအား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး နှင့် မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ် တို့ ပူးပေါင်းပြီး နှစ်စဉ်ကျင်းပလျက် ရှိရာ ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၈ သင်း၊ ပြိုင်ပွဲဝင် အားကစားသမား ၁၉၅ ဦးတို့ ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး ပြိုင်ပွဲ ဒုတိယနေ့နှင့် ဆုပေးပွဲ အခမ်းအနားအား မတ် ၂၄ ရက်တွင် အဆိုပါ အားကစားရုံ၌ ဆက်လက်ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger