www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 16, 2017

လောက်ကိုင်နှင့် နှစ်နိုင်ငံနယ်စပ် ရန်လုံကျိုင်းလမ်းကြောင်း ကို စိုးမိုးသည့် ပွိုင့်-၁၂၆၉ တောင်ကုန်းအား တပ်မတော်မှ သိမ်းပိုက်ရရှိ


နေပြည်တော် ၊ ၁၆-၃-၂၀၁၇

၂ဝ၁၇ ခုနှစ်၊ မတ် ၆ ရက်မှစတင်၍ လောက်ကိုင်မြို့နှင့် နှစ်နိုင်ငံ နယ်စပ်ကြားတွင် MNDAA အကြမ်းဖက် သောင်းကျန်းသူများ ဝင်ရောက်နေရာယူ ထားသော ပွိုင့်-၁၂၆၉၊ ပွိုင့်-၁ဝ၈၈၊ ဘီပီ-၁၂၆ နှင့် ဘီပီ ၁၂၇ အနီးတစ်ဝိုက် တွင် တပ်မတော် စစ်ကြောင်းများက နယ်မြေအေးချမ်း တည်ငြိမ်ရေး ရှင်းလင်း ဆောင်ရွက်လျက် ရှိရာ မတ် ၆ ရက်မှ ၁၄ ရက်အထိ တိုက်ပွဲကြီး/ငယ် ၅၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၁၇ လောင်းနှင့် လက်နက် ၂၇ လက် သိမ်းဆည်းရရှိ ခဲ့ပြီးဖြစ်သည်။

အဆိုပါနယ်မြေရှိ လောက်ကိုင်နှင့် နှစ်နိုင်ငံနယ်စပ် ရန်လုံကျိုင်း သို့ ဆက်သွယ်ထားသော လမ်းကြောင်းအား စိုးမိုးနေသည့် တောင်ကုန်းများ၌ အခြေပြုကာ ပိတ်ဆို့ထားသော MNDAA အကြမ်းဖက် သောင်းကျန်းသူ များကို တပ်မတော် စစ်ကြောင်းများက လက်နက်ကြီးပစ်ကူ ပစ်အားရယူ၍ စွန့်လွှတ်စွန့်စား စွာဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ရာ မတ် ၁၅ ရက် နံနက် ၁ နာရီချိန်တွင် ပွိုင့်-၁၂၆၉ တောင်ကုန်းအား သိမ်းပိုက်ရရှိခဲ့သည်။ ဖြစ်စဉ်တွင် ရန်သူ့ထံမှ အလောင်း သုံးလောင်းနှင့် အာရ်ပီဂျီ နှစ်လက် အပါအဝင် လက်နက်မျိုးစုံ ရှစ်လက် သိမ်းဆည်းရရှိခဲ့ပြီး မိမိ အရာရှိ၊ စစ်သည်တချို့ ကျဆုံး/ဒဏ်ရာ ရရှိခဲ့သည်။

ထိုသို့ ပွိုင့်-၁၂၆၉ တောင်ကုန်းအား သိမ်းပိုက်ရရှိမှုကြောင့် လောက်ကိုင်-ရန်လုံကျိုင်း လမ်းကြောင်းကို ထိန်းချုပ် နိုင်ခဲ့ပြီး လောက်ကိုင် အရှေ့ခြမ်းနယ်မြေ အမြန်ဆုံး အေးချမ်း တည်ငြိမ်နိုင်ရေး အတွက် တပ်မတော် စစ်ကြောင်းများက မဆုတ်မနစ်သော ရဲစွမ်းသတ္တိ၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဟူသော တပ်မတော် စိတ်ဓာတ်တို့ဖြင့် MNDAA အကြမ်းဖက် သောင်းကျန်းသူ များအား ဆက်လက် ရှင်းလင်းလျက် ရှိကြောင်း သိရှိရသည်။



မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger