www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 28, 2017

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း အခမဲ့ကားရပ်နားစခန်းများကို မော်တော်ယာဉ်အစီးရေ တစ်ရာထိ ထားရှိနိုင်ရန် တိုးချဲ့ ဆောင်ရွက်သွားမည်



ညောင်ဦး ၊ ၂၈-၃-၂၀၁၇

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း အခမဲ့ ကားရပ်နား စခန်းများကို မော်တော်ယာဉ် အစီးရေ ၁ဝဝ ထိ ထားရှိနိုင်ရန် တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း သတင်းများအရ သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ နေ့စဉ် ပြည်တွင်း၊ပြည်ပ ဘုရားဖူး ခရီးသည်များ၏ မော်တော်ယာဉ် များ အများအပြား လာရောက် လေ့လာလည်ပတ် လျက်ရှိသည်။

ထိုသို့ ပြည်တွင်း၊ ပြည်ပဘုရားဖူး ခရီးသည်များ၏ မော်တော်ယာဉ်များ တိုးတက်များပြား လာနေသဖြင့် အဆိုပါ မော်တော်ယာဉ် များ၏ မောင်းနှင်မှု အရှိန်များကြောင့် တုန်ခါမှုများဖြစ် ပေါ်လာကာ ရေရှည်တွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဒေသ အတွင်းရှိ စေတီပုထိုးများ ထိခိုက်မှုဖြစ်လာ နိုင်သဖြင့် အခမဲ့သီးသန့် ယာဉ်ရပ်နားစခန်း များကို သီးသန့်စီစဉ် ပြုလုပ်ဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ ဆောင်ရွက်ပေးမှုများ အရ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဒေသတွင် သဗ္ဗညုဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ ဓမ္မရာဇက ဘုရားနှင့် ရွှေဆံတော် ဘုရားတို့တွင် အခမဲ့ မော်တော်ယာဉ် ရပ်နားစခန်း ပြုလုပ်ပေးခဲ့သည်။

ယခုအခါ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ သို့ လာရောက်လည်ပတ် လေ့လာ နေကြသည့် ပြည်တွင်း၊ပြည် ပခရီးသွားများ တိုးတက်များပြားလာ နေသဖြင့် လက်ရှိ မော်တော်ယာဉ် အစီးရေ ၅ဝ ရပ်နားနိုင်သည့်အခမဲ့ မော်တော်ယာဉ် ရပ်နားစခန်း များကို မော်တော်ယာဉ် အစီးရေ ၁ဝဝ ထိ ရပ်နားနိုင်သည့် အခမဲ့ မော်တော်ယာဉ် ရပ်နားစခန်းများ အဖြစ် တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger