www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 17, 2017

မောင်တောမြို့နယ် အောင်ဇံ ရဲကင်းမှလုယူခံရသည့် လက်နက် ၃ လက်အနက်မှ ကျန်ရှိနေသည့် ဘီအေ-၆၃ အမျိုးအစား လက်နက်တစ်လက် ပြန်လည်တွေ့ရှိ


နေပြည်တော် ၊ ၁၇-၃-၂၀၁၇

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်ဇူနယ်မြေ အောင်ဇံရဲကင်း ရဲတပ်ဖွဲ့ဝင်များ ထံမှ မတ် ၁၁ ရက်က လူငါးဦး လုယူသွားသော လက်နက်သုံးလက် အနက် ကျန်ရှိနေသည့် ဘီအေ-၆၃ တစ်လက်အား ယနေ့နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

အောင်ဇူနယ်မြေ ခေတ္တနယ်မြေမှူးနှင့် အဖွဲ့၊ အောင်ဇံကျေးရွာ ပြည်သူ့စစ်အဖွဲ့ တို့သည် မတ် ၁၁ ရက် ညနေ ၅ နာရီက သေနတ်လုယူ ထွက်ပြေးသွားသည့် လမ်းကြောင်းများ အတိုင်း လိုက်လံရှင်းလင်း ခဲ့ရာ နယ်စပ်မှတ်တိုင် ၄၂ အနီး ဝေလာတောင် ချောင်းဘေး၌ ဘီအေ-၉၄ (ကျည်အိမ်မပါ) နှစ်လက်အား ပြန်လည်တွေ့ရှိ ခဲ့သည်။

ကျန်ရှိသည့် ဘီအေ-၆၃ သေနတ်တစ်လက် (ကျည် ၁၅ တောင့်ပါ ကျည်အိမ်တစ်ခု) အား နယ်စပ်မှတ်တိုင် ၄၂ ကင်းစခန်း၏ နယ်စပ် ခြံစည်းရိုး အနောက်မြောက်ဘက် တစ်ဖက် နိုင်ငံဘက်ခြမ်းရှိ ဘော်ရစ်တေလီရွာ၏ အရှေ့ ဘက်နှစ်မိုင် ခန့်ဝေးသည့် ဆာရာမတ်ချောင်း အရှေ့ဘက်ကမ်း ချုံပုတ်အတွင်း၌ ဘော်ရစ်တေလီ ရွာသားနှစ်ဦးက ယနေ့နံနက်ပိုင်းတွင် ရှာဖွေတွေ့ရှိ ခဲ့သဖြင့် ကင်းစခန်းသို့ လာရောက် အကြောင်းကြားခဲ့ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များက နံနက် ၉ နာရီတွင် နယ်စပ်ခြံစည်းရိုး အနီး သွားရောက်၍ သေနတ်နှင့် ဆက်စပ်ပစ္စည်း များအား လက်ခံလွှဲပြောင်း ရယူခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger