www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 15, 2017

တရားမ၀င်သစ်များ ၊ သစ်စက်များနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ




နေပြည်တော် ၊ ၁၅-၃-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ် အတွင်း တပ်မတော်စစ်ကြောင်း က နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် မတ် ၁၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် လောင်းဇုကျေးရွာ၏ အနောက်ဘက် ၄ မိုင်ခန့်အကွာသို့ အရောက်၌ တရားမဝင် သစ်လုပ်ငန်း လုပ်ကိုင်ရာတွင် အသုံးပြုသည့် အင်ဂျင်နှစ်လုံး၊ ချိန်းဆောသုံးခု၊ ၄ ပေလွှဝိုင်း နှစ်ခုနှင့် ဆက်စပ်ပစ္စည်းများ၊ တမလန်းသစ်လုံး ဆိုဒ်စုံ ၃၇ လုံး (၂ ဒသမ ၁ တန်ခန့်)၊ ကျွန်းသစ်ခွဲသား ဆိုဒ်စုံ ၁ဝ ဒသမ ၇ တန်ခန့်နှင့် ကျွန်းသစ်လုံး ဆိုဒ်စုံ ၁၆၆ လုံး (၃၈ ဒသမ ၄ တန်ခန့်) တို့ကို ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိ ခဲ့သည်။

ထို့အတူ ဗန်းမောက်မြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းက နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် ဘူးတောင်းကျေးရွာ ၏ အရှေ့မြောက်ဘက် ၄ မိုင်ခန့်အကွာသို့ အရောက်၌ တရားမဝင် သစ်လုပ်ငန်း လုပ်ကိုင်ရာတွင် အသုံးပြုသည့် အင်ဂျင် တစ်လုံး၊ ၄ ပေလွှဝိုင်း တစ်ခုနှင့် ဆက်စပ်ပစ္စည်းများ၊ ကျွန်းသစ်လုံး ကိုးလုံး (ခန့်မှန်း ၆ ဒသမ ၈ တန်ခန့်) တို့ကို ပိုင်ရှင်မဲ့ ထပ်မံတွေ့ရှိ သိမ်းဆည်းရမိ ခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ သစ်များနှင့် သစ်လုပ်ငန်း လုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား အင်းတော်မြို့နယ် နှင့် ဗန်းမောက်မြို့နယ် သစ်တောဦးစီးဌာန များသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း
သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger