www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 14, 2017

လူငယ် ၆၄၀၀ ကျော်ပါဝင်သည့် နွေရာသီအားကစား သင်တန်းများဖွင့်လှစ်



ရန်ကုန် ၊ ၁၄-၃-၂၀၁၇

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ဦးဆောင်မှုဖြင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် တို့ ပူးပေါင်း ဖွင့်လှစ်သည့် ၂ဝ၁၇ ခုနှစ် နွေရာသီ အခြေခံအားကစား သင်တန်းများ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အောင်ဆန်း အားကစား ပြိုင်ဝင်း၌ကျင်းပသည်။

အဆိုပါဖွင့်ပွဲတွင် သင်တန်းသား၊ သင်တန်းသူများက မြန်မာ့သိုင်း၊ ကရာတေးဒို၊ တိုက်ကွမ်ဒိုနှင့် ဝူရှူး အားကစားတို့ကို သက်ဆိုင်ရာ အားကစားနည်း အလိုက် သရုပ်ပြသကြသည်။

ယခုနှစ်ဖွင့်လှစ်သည့် အားကစားသင်တန်း များတွင် ရေကူး၊ လှေလှော်၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု၊ စက်ဘီး၊ ခရစ်ကက်၊ အလေးမ၊ ဘော်လီဘော၊ မြားပစ်၊ ဂေါက်သီး၊ သိုင်း၊ ခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ရွက်လှေ၊ ဘေ့စ်ဘော၊ အေရိုးဗစ်၊ ကြက်တောင်၊ လက်ဝှေ့၊ ဘိုးလင်း၊ တင်းနစ်၊ ဘောလုံး၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ ဟော်ကီ၊ စစ်တုရင်၊ ကျွမ်းဘား၊ ကရာတေးဒို၊ သေနတ်ပစ်၊ ဘတ်စကက်ဘော၊ မသန်စွမ်းကမ်ပို၊ ရိုးရာလက်ဝှေ့ နှင့် နပန်း အားကစားနည်းများပါဝင်ပြီး သင်တန်းကို အခြေခံနှင့် အဆင့်မြင့် ခွဲထားသည်။

အားကစားလုပ်ငန်း များအား တစ်မျိုးသားလုံး လူထုလှုပ်ရှားမှု အသွင်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ အဖြစ်သို့ ပြုစုပျိုးထောင် လေ့ကျင့်ပေးနိုင်ရန် အဆိုပါ သင်တန်းကို ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ သင်တန်းတွင် လူငယ် ၆၄ဝဝ ကျော် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger