www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 16, 2017

ရခိုင်ပြည်နယ်၏ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးခရီးစဉ်များတွင် အသုံးပြုရန် ဂျပန်နိုင်ငံမှ ပေးပို့မည့် ရေယာဉ်သုံးစင်းအနက် တစ်စင်းရောက်ရှိ


ကစ္ဆပနဒီ(၁)ရေယာဉ်ကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၆-၃-၂၀၁၇

ဂျပန်နိုင်ငံမှ ထောက်ပံ့ပေးအပ်မည့် ယန်းသန်း ၅ဝဝ တန်ဖိုးရှိသော ရေယာဉ် သုံးစင်းအနက် ယန်း ၂၆၇ ဒသမ ၃ဝဝ သန်းတန်ဖိုးရှိ ကစ္ဆပနဒီ (၁)ရေယာဉ်ကို ဂျပန်နိုင်ငံ ကိုဘေးမြို့မှ ရေယာဉ်တင် သင်္ဘော GRIEJ JE  ဖြင့် တင်ဆောင်လာခဲ့ရာ ကျောက်ဖြူဆိပ်ကမ်း အနီးသို့ မတ် ၁၄ ရက် ညနေပိုင်းက ရောက်ရှိရပ်နားခဲ့ပြီး ယမန်နေ့ နံနက် ၁၁ နာရီခွဲတွင် ရေယာဉ်တင်သင်္ဘော ပေါ်မှရေချကာ ငလပွေ့ဆိပ်ကမ်း (ကျောက်ဖြူ) ၌ ကျောက်ချရပ်နား ထားကြောင်း သိရသည်။

ကစ္ဆပနဒီ (၁) ရေယာဉ်ကို ကိုင်တွယ်ထိန်းသိမ်း မောင်းနှင်မည့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲမှ ဝန်ထမ်းများအား ကျောက်ဖြူမြို့ ငလပွေ့ဆိပ်ကမ်း၌ ငါးရက်ကြာ လေ့ကျင့်သင်ကြား ပေးပြီးနောက်
ကစ္ဆပနဒီ(၁) ရေယာဉ်အား စစ်တွေမြို့သို့ မောင်းနှင် သယ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

အလူမီနီယံ ကိုယ်ထည်ဖြင့် တည်ဆောက်ထားသည့် ကစ္ဆပနဒီ(၁) ရေယာဉ်သည် အလျား ၂၉ ဒသမ ၉ဝ မီတာ၊ ရေစူး ၁ ဒသမ ၆ မီတာရှိပြီး ခရီးသည် ၁၄၅ ဦး သယ်ဆောင် နိုင်ကာ တစ်နာရီရေမိုင် ၂ဝ မောင်းနှင်နိုင်သော ရေယာဉ်ဖြစ်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနအနေဖြင့် လေကြောင်းနှင့် ရေကြောင်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဂျပန်နိုင်ငံ၏ တရားဝင် ဖွံ့ဖြိုးမှုအကူအညီ အထောက်အပံ့ အစီအစဉ်ဖြင့် စီမံကိန်း အသစ်ရှစ်ခု ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အဆိုပါစီမံကိန်းများ အနက်မှ ဂျပန်နိုင်ငံ အစိုးရက တရားဝင် ဖွံ့ဖြိုးမှုအကူအညီ အထောက်အပံ့ အဖြစ် ကမ်းရိုးတန်းနှင့် မြစ်တွင်းသွား ခရီးသည်တင် ရေယာဉ်သုံးစင်း လှူဒါန်းရန်နှင့် စပ်လျဉ်း၍ ၂ဝ၁၆ ခုနှစ် စက်တင်ဘာ ၁၂ ရက်တွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ တာဝန်ရှိသူ များက အကူအညီ ပေးရေး ခရီးသည်တင် ရေယာဉ်သုံးစင်း လှူဒါန်းရန်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ တာဝန်ရှိ သူများက အကူအညီပေးရေး ဆိုင်ရာ စာချွန်လွှာကို လက်မှတ်ရေးထိုး ကြသည်။

ရခိုင်ပြည်နယ်၏ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ခရီးစဉ်များတွင် အသုံးပြုရန် ဂျပန်နိုင်ငံမှ ပေးပို့မည့် ကစ္ဆပနဒီ(၂) သည် မေလအတွင်း ရောက်ရှိလာမည် ဖြစ်ပြီး ကစ္ဆပနဒီ (၃) ရေယာဉ်အား ဆက်လက် ပို့ဆောင်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger