www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 1, 2017

ဝါးဖြင့်ပြုလုပ်သော မြန်မာ့ရိုးရာ လက်မှုပစ္စည်း အသုံးအဆောင်များ နွေဥတုရောက်ရှိလာသဖြင့် ရောင်းအားကောင်းလာ



မန္တလေး ၊ ၁-၃-၂၀၁၇

မန္တလေး ပုသိမ်ကြီး မြို့နယ်ကျောက် တံတား ကျေးရွာနှင့် ထုံးဘို ကျေးရွာအနီး တွင် ဝါးဖြင့် ပြုလုပ်သော မြန်မာ့ရိုးရာ လက်မှု ပစ္စည်းအသုံး အဆောင်များ ကို ပြုလုပ်၍ ရောင်းချ လျက်ရှိရာ နွေဥတု ရောက်ရှိလာ သဖြင့် ရောင်းအား ကောင်းလာပြီး အဆိုပါ လုပ်ငန်း လုပ်ကိုင် သူများ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။ 

ဝါးဖြင့် ပြုလုပ်သော အိပ်စင်၊ စားပွဲ၊ ကုလားထိုင်၊ ဆက်တီနှင့် ကပ်ကြမ်း စသည့် လက်မှု ပစ္စည်းများ ကို ထုတ်လုပ် ရောင်းချ ရာတွင် မြင်ဝါးနှင့် သနပ်ဝါး များကို အသုံးပြုရ ကြောင်း သိရသည်။ 

''ဒီဝါး နဲ့ပြုလုပ် တဲ့ပစ္စည်းတွေ က နွေ ဥတုရောက်လာ တော့ ရောင်းအား ကောင်းလာတယ်။ အဓိကကတော့ ဝါး ကုလားထိုင် တွေ အများဆုံး ရောင်းရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဝါးကုလား ထိုင်တွေက အေးတယ်။ ကျန်းမာရေး နဲ့လဲ ညီညွတ်တယ်။ ဈေးနှုန်းက သက်သာ တော့ အဆင်ပြေတယ်''ဟု ပုသိမ်ကြီး  မြို့နယ် ထုံးဘ ကျေးရွာ အနီးတွင် ဝါးဖြင့် ပြုလုပ်သော မြန်မာ့ လက်မှု ပစ္စည်းများ ကိုယ်တိုင် ပြုလုပ်ရောင်း ချ နေသူ တစ်ဦးက ပြောပြသည်။ 

အဆိုပါ ဝါးဖြင့် ပြုလုပ်သော မြန်မာ့ လက်မှု ပညာ ပစ္စည်းများကို မန္တလေးမြို့သို့ အဓိက ပို့ဆောင်ပြီး ပြင်ဦးလွင်၊ မူဆယ် စသည့်မြို့များသို့လည်း ပို့ဆောင်ရောင်းချ လျက်ရှိကြောင်း၊ ကုလားထိုင် တစ်လုံးလျှင် ငွေကျပ် ၃၅ဝဝ ဖြင့် ဒေသတွင်း  သာမက အနယ်နယ် အရပ်ရပ်သို့ တင်ပို့ ရောင်းချနေ ရကြောင်း သိရသည်။ 

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger