www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 22, 2017

UWSA "၀" အဖွဲ့၏ အတင်းအဓမ္မ လူသစ်စုဆောင်းမှုများကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာ


နယ်မြေခံတပ်မှ တာဝန်ရှိသူတစ်ဦးက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် လာသူများအား
 ထောက်ပံ့ပစ္စည်းများ ပေးအပ်စဉ်

နေပြည်တော် ၊ ၂၂-၂-၂၀၁၇

UWSA ''ဝ''အဖွဲ့၏ အတင်းအဓမ္မ လူသစ်စုဆောင်းမှု များကြောင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်၊ အာလဲဖို ကျေးရွာမှ ဒေသခံပြည်သူ များသည် ဖေဖော်ဝါရီ ၂ဝ ရက် နံနက် ၆ နာရီခန့်တွင် ၄င်းတို့ပိုင် ထော်လာဂျီဖြင့် နေရပ်စွန့်ခွာ၍ ဝင်းလိတ်ကျေးရွာရှိ ၄င်းတို့၏ ဆွေမျိုးများအိမ်သို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြောင်း သိရသည်။

နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်လာသူ များတွင် မိသားစု နှစ်စု၊ လူဦးရေ ခြောက်ဦး ပါဝင်ပြီး ၄င်းတို့၏ ပြောကြားချက်အရ UWSA ''ဝ''အဖွဲ့သည် ကျေးရွာများရှိ အသက် ၁၂ နှစ်အထက်ရှိသူ များအား စစ်မှုမထမ်း မနေရ အမိန့်ထုတ်ပြန် ထားကြောင်းနှင့် ယခုအခါ ၄င်းတို့၏ အလှည့်ကျ ရောက်လာသောကြောင့် မိသားစုများနှင့် အတူ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါဒေသခံ ပြည်သူများအား နယ်မြေခံ တပ်ရင်းမှ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger