www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 23, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ ၊ ဆုချီးမြှင့်ပွဲများပြုလုပ်


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်(ကိုယ်စား) ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) မှ
 ဗိုလ်မှူးချုပ် သက်ဆွေက ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ ၊ 
အငယ်တန်း နှစ်ယောက်တွဲပြိုင်ပွဲ နှင့် အကြီးတန်း နှစ်ယောက်တွဲ 
ပြိုင်ပွဲတို့၌ တံခွန်စိုက်ဒိုင်းဆုများ ရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) 
အသင်းအား ဒိုင်းဆုပေးအပ်စဉ်

နေပြည်တော် ၊ ၂၃-၂-၂၀၁၇

၂ဝ၁၇ ခုနှစ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ များကို ယမန်နေ့ နံနက်ပိုင်းတွင် ဆက်လက်ကျင်းပ ပြုလုပ်ရာ မသန်စွမ်း ပြေးခုန်ပစ်ပြိုင်ပွဲကို နေပြည်တော်ရှိ ဇေယျာ သီရိ ဘောလုံးကွင်း၌ လည်းကောင်း၊ အလေးမနှင့် ကိုယ်ကာယ ကြံ့ခိုင်မှုပြိုင်ပွဲကို ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ဝင်းအတွင်းရှိ အားကစားရုံ၌ လည်းကောင်း ဆက်လက် ယှဉ်ပြိုင်ကစား ကြသည်။

အဆိုပါ အားကစားပြိုင်ပွဲ များသို့ တပ်မတော် အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမား များနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ထို့အတူ ၂ဝ၁၇ ခုနှစ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ရေ၊ လေ) ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ဇေယျာသီရိ အားကစားရုံ (C) ၌လည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ)ရေကူးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ဇေယျာသီရိ ရေကူး အားကစားရုံ၌ လည်းကောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ဝူရှူးပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ဝင်း အတွင်းရှိ အားကစားရုံ၌ လည်းကောင်း အသီးသီး ပြုလုပ်ကြရာ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရုံး/ဌာန အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အားကစား သမားများ တက်ရောက် ကြသည်။

ဦးစွာ တက်ရောက် လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်အသီးသီး ယှဉ်ပြိုင်ကစား နေမှုများကို ကြည့်ရှုအားပေး ကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက် ပြုလုပ်ရာ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ကွင်းသွင်းခြင်းခတ် ပြိုင်ပွဲ၊ အငယ်တန်း နှစ်ယောက်တွဲ ပြိုင်ပွဲနှင့် အကြီးတန်း နှစ်ယောက်တွဲ ပြိုင်ပွဲတို့၌ တံခွန်စိုက်ဒိုင်းဆု များရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ ) အသင်း၊ အငယ်တန်း သုံးယောက်တွဲ ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆု ရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) အသင်းနှင့် အကြီးတန်း သုံးယောက်တွဲ ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆု ရရှိသည့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အသင်းတို့ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(ကိုယ်စား) ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) မှ ဗိုလ်မှူးချုပ် သက်ဆွေ က လည်းကောင်း၊ ရေကူးအားကစား ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆု ရရှိသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) အသင်းကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ကိုယ်စား) ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးချုပ် နေဝင်း က လည်းကောင်း၊ ဝူရှူးပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆု ရရှိသည့် ရန်ကုန်တိုင်း စစ်ဌာနချုပ် အသင်းအား ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးချုပ် သန်းထွန်း ကလည်းကောင်း တံခွန်စိုက်ဒိုင်းဆု များ အသီးသီးချီးမြှင့် ပေးအပ်ကြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်(ကိုယ်စား) ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ 
ဗိုလ်မှူးချုပ် နေ၀င်း က ရေကူးအားကစား ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆု ရရှိသည့် 
ကာကွယ်ရေးဦးစီးချုပ်(ရေ) အသင်းအား ဒိုင်းဆု ပေးအပ်စဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်(ကိုယ်စား) ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ 
ဗိုလ်မှူးချုပ် သန်းထွန်း က ၀ူရှူးပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆု ရရှိသည့် 
ရန်ကုန်တိုင်းစစ်ဌာနချုပ် အသင်းအား ဒိုင်းဆုပေးအပ်စဉ်

ယင်းနောက် ပြိုင်ပွဲအမျိုးအစား အလိုက် ဆုရရှိသည့် အသင်းများအား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီးများက ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger