www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 13, 2017

ဗီးနပ်စ်ဂြိုဟ်ပေါ်၌ အသုံးပြုနိုင်မည့် ကွန်ပျူတာချစ်ပြားကို နာဆာက အောင်မြင်စွာ တီထွင်ထုတ်လုပ်နိုင်


NASA Has Finally Built a Computer Chip To Survive on Venus

ဝါရှင်တန် ၊ ၁၃-၂-၂၀၁၇

နေအဖွဲ့ အစည်း အတွင်း မျက်နှာပြင် အပူချိန်အပူဆုံး ဖြစ်သည့် ဗီးနပ်စ်ဂြိုဟ်ပေါ်၌ အသုံးပြုနိုင်မည့် ကွန်ပျူတာချစ်ပြားကို နာဆာက အောင်မြင်စွာ တီထွင်ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ 

ပြီးခဲ့သော ဆယ်စုနှစ်များ အတွင်းက အာကာသစူးစမ်း လေ့လာရေး သိပ္ပံပညာရှင်များသည် ကမ္ဘာနှင့်ပို၍ နီးသော ဗီးနပ်စ်ဂြိုဟ်ကို ကျော်လွန်ကာ အလှမ်းကွာဝေးသည့် အင်္ဂါဂြိုဟ်ကို စူးစမ်းလေ့လာ နေခဲ့ကြသည်မှာ ဗီးနပ်စ်ဂြိုဟ်၏ မျက်နှာပြင် အပူချိန် မြင့်မားလွန်း၍ ဖြစ်ကြောင်း၊ ဗီးနပ်စ်ဂြိုဟ်၏ မျက်နှာပြင် အပူချိန်သည် နေအဖွဲ့ အစည်းတွင် အမြင့်ဆုံးဖြစ်ကြောင်း၊ မညသည့်ကွန်ပျူတာ၊ မည်သည့်နည်းပညာ၊ မည်သည့်ကိရိယာ များကို ဗီးနပ်စ်ဂြိုဟ်ပေါ်၌ နာရီအနည်းငယ်ထက် ပို၍ အသုံးပြုနိုင်မည် မဟုတ်သည့် အတွက် ဗီးနပ်စ်ဂြိုဟ်ကို ကျော်လွန်ကာ အင်္ဂါဂြိုဟ်ကိုသာ စူးစမ်းလေ့လာ နေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ နာဆာသုတေသီ များက ကွန်ပျူတာချစ်ပြား အမျိုးအစားသစ်ကို ထုတ်လုပ်လိုက်ပြီး အအေးပေးစနစ် သို့မဟုတ် အပူဒဏ်ကို ကာကွယ်ပေးသည့် စနစ် လုံးဝမပါရှိဘဲ ဖိအားနှင့် အပူချိန် မြင့်မားသည့် ဗီးနပ်စ်ဂြိုဟ်ပေါ်ရှိ အခြေအနေနှင့် တူညီရန် ဖန်တီးကာ စမ်းသပ်ကြည့်ခဲ့ရာ ၎င်းကွန်ပျူတာ ချစ်ပြားမှာ ခံနိုင်ရည်ရှိခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger