www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 8, 2017

ဆဋ္ဌမအကြိမ် မြန်မာ-လာအိုနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေး ၀န်ကြီးအဆင့် အစည်းအဝေးကျင်းပ


ပြည်ထဲရေးဝန်ကြီး ဌာနနှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးရာ ဝန်ကြီးဌာနတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးစဉ်

နေပြည်တော် ၊ ၈-၂-၂၀၁၇

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဌာနနှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးရာ ဝန်ကြီးဌာနတို့ လက်မှတ်ရေးထိုး ထားသော တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင် ရွက်မှု နားလည်မှု စာချွန်လွှာ အကောင်အထည် ဖော်ရေး ဆဋ္ဌမအကြိမ် မြန်မာ-လာအို နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ အကောင်အထည် ဖော်ရေး ဝန်ကြီးအဆင့် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန၊ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန၊
အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန တို့မှ ညွှန်ကြားရေးမှူး ချုပ်များ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တို့မှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေးရာ ဝန်ကြီးဌာနဝန်ကြီး Pol.Maj. Gen Somkeo SYLAVONG နှင့် အမြဲတမ်းအတွင်းဝန် လာအိုနိုင်ငံ ရဲအဖွဲ့ရဲချုပ်နှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

အစည်းအဝေး ကျင်းပရာတွင် မြန်မာ-လာအို နှစ်နိုင်ငံဝန်ကြီး အဆင့် အစည်းအဝေး နှင့်ပတ်သက်သည့် အဆင့်မြင့် အရာရှိကြီးအဆင့် အစည်းအဝေးကို နံနက် ၁ဝ နာရီ မှ မွန်းတည့် ၁၂ နာရီအထိ အဆိုပါဝန်ကြီးရုံး
အစည်းအဝေး ခန်းမ၌ကျင်းပပြီး ဝန်ကြီးအဆင့် အစည်းအဝေးကို မွန်းလွဲ ၂ နာရီတွင် ဆက်လက်ကျင်းပ ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ် ဒေသလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ သတင်း အချက်အလက်များ ဖလှယ်ရေး၊ နှစ်နိုင်ငံ၏ နယ်စပ် ဆက်ဆံရေးရုံး ယန္တရား တိုးမြှင့်ဖော် ဆောင်ရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး၊ မြန်မာ-လာအို ဘာသာစကား အပြန်အလှန် သင်ကြားရေးနှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်များ တိုးမြှင့် ဖော်ဆောင်ရေး တို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger