www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 17, 2017

မြန်မာအင်တာနေရှင်နယ် ပရိဘောဂပြပွဲ ၂၀၁၇ ကျင်းပ



ရန်ကုန် ၊ ၁၇-၂-၂၀၁၇

မြန်မာနိုင်ငံ သစ်တောထွက် ပစ္စည်း လုပ်ငန်းရှင်များ အသင်းချုပ်၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ ကြိမ်နှင့်ဝါး လုပ်ငန်းရှင်များ အသင်းနှင့် သစ်အခြေခံ ပရိဘောဂ လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း ကျင်းပသည့် မြန်မာ အင်တာနေရှင်နယ် ပရိဘောဂပြပွဲ ၂ဝ၁၇ ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမ၌ ကျင်းပသည်။

ပြပွဲတွင် မြန်မာနိုင်ငံ သစ်တောထွက် ပစ္စည်း လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်း နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြခန်းအတွင်း လှည့်လည် ကြည့်ရှုသည်။

''ကြိမ်၊ သစ်နဲ့ဝါး တွေကိုအခြေခံပြီး ထုတ်လုပ်ထားတဲ့ ပရိဘောဂ ပစ္စည်းတွေက ဒီဇိုင်းလည်းစုံတယ်။ အရည်အသွေး တွေလည်း ကောင်းပါတယ်။ ဝယ်ယူလိုသူတွေ အတွက် Discount ချပေးပြီး အိမ်အရောက်လည်း လိုက်ပို့ပေး ပါတယ်'' ဟု ပြပွဲသို့ လာရောက်ရင်း ဝယ်ယူခဲ့သော မင်္ဂလာတောင်ညွန့် မြို့နယ်နေ ဦးသိန်းဦး က ပြောသည်။

ယင်းပြပွဲတွင် ကြိမ်၊ သစ်နှင့်ဝါး တို့ကို အခြေခံထားသည့် ဒီဇိုင်းစုံ အရည်အသွေး ကောင်းမွန်သည့် ပရိဘောဂ ပစ္စည်းများ၊ ဧည့်ခန်းသုံး ပစ္စည်းများ၊ အိပ်ခန်းသုံး ပစ္စည်းများ၊ ဘုရားခန်းသုံး ပစ္စည်းများနှင့် တခြား အထွေထွေ ပစ္စည်းတို့ကို ကုမ္ပဏီ ၅၃ ခုတို့က ပြခန်းပေါင်း ၁၈၈ ခန်း ဖွင့်လှစ်ကာ ဖေဖော်ဝါရီ ၁၉ ရက်အထိ အထူးဈေးနှုန်း များဖြင့် ဖွင့်လှစ်ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger