www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 20, 2017

ရေကြောင်းကျပ်တည်းမှု မရှိစေရေး ရေလမ်းညွှန်လုပ်ငန်း အပြင် သီးခြားစခန်းချ ရေလမ်းညွှန်လုပ်ငန်းပါ လုပ်ဆောင်နေ



မန္တလေး ၊ ၂၀-၂-၂၀၁၇

ဧရာဝတီ မြစ်ရေသည် ရေနည်း မှတ်သို့ စောစီးစွာ ကျဆင်းလာ မှုကြောင့် သောင်ခုံများ ဖြစ်ထွန်းကာ ရေကြောင်းကျပ် တည်းမှုများ မရှိစေရေး ရေလမ်းညွှန် လုပ်ငန်းအပြင် သီးခြားစခန်း ချရေးလမ်း ညွှန်လုပ်ငန်းပါတစ် ပါတည်း လုပ်ဆောင်နေ ရကြောင်း ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီး ဌာနဒေသ(၅)၊  မန္တလေးတိုင်း ဒေသကြီး မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ဧရာဝတီ မြစ်ရေသည် ယခုနစ် တွင်ရေနည်း မှတ်သို့ စောစီးစွာ ကျဆင်းလာသည့် အတွက် သင်္ဘော များသွားလာရာတွင် အခက်အခဲ မရှိစေရေး ရေလမ်း ညွှန်လုပ်ငန်းအဖြစ် ရေပေါ်ပြအမှတ် အသားနှင့် ကမ်းပေါ်ပြ အမှတ်အသားများ စိုက်ထူကာ ရေကြောင်း ကျပ်တည်း မှု ဖြစ်ပေါ် နေသည့်နေရာ များ၌ လမ်းညွှန်ဆိုင်း ဘုတ်များကို စိုက်ထူ ပေးနေကြောင်း သိရသည်။

ယခုလက်ရှိ ဖေဖော်ဝါရီလ အတွင်း၌ ပုံမှန်ရေ လမ်းညွှန်လုပ် ငန်းအဖြစ် ဗန်းမော်-မန္တလေး- စဥ့်ကူရေလမ်း ကြောင်းအတွင်း၌ ရေပေါ်ပြ အမှတ်အသား အခုရေ ၃ဝဝနှင့် ကမ်းပေါ်ပြ အမှတ်အသား ၁၁၅ခုကို စိုက်ထူလျက် ရှိပြီး ဧရာဝတီမြစ် ရေမှာ ရေနည်းမှတ် သို့ ရောက်ရှိ လာမှုကြောင့် ၎င်း ရေလမ်းပိုင်းတွင် သင်္ဘောများ သောင်တင်မှု မရှိစေရေးအတွက် သီးခြားအနေဖြင့် စခန်းချရေလမ်း ညွှန်လုပ်ငန်းအဖြစ် စက်လှေများဖြင့် ရေပေါ်ပြ အမှတ်အသား အခု ရေ ၁၅ဝ ကိုတိုးချဲ့ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

ဧရာဝတီမြစ် အတွင်း၌ ယခု လက်ရှိ မြစ်ရေနည်းချိန်တွင် ရေလမ်းညွှန် အမှတ်အသားပြုလုပ် ပေးထားသည့် နေရာများကို ဂရုစိုက်ကာ သွားလာမှု များပြုလုပ် ရန်လိုအပ်သည့် အပြင် မိမိတို့၏ သင်္ဘောများ အနေဖြင့် ထုတ်ပြန် ထားသည့် ရေစူး ကန့်သတ်ချက် ထက်ကျော်လွန်၍ မတင်ဆောင် ကြရန် လိုအပ်ကြောင်း သိရသည်။

အဆိုပါမြစ်အတွင်း ရေကြောင်းကျပ် တည်းမှုများအပြင် သင်္ဘောများ သောင်တင်မှု မရှိစေရေးအတွက် ယခုလအတွင်း ပုံမှန် ရေလမ်းညွှန် လုပ်ငန်း ဆောင်ရွက်ရာတွင် ရေပေါ်ပြ အမှတ်အသား အခုရေ ၇ဝနှင့် ကမ်းပေါ်ပြအမှတ် အသားအခုရေ ၃ဝ သာ လုပ်ဆောင် ရန် ကျန်ရှိတော့ကြောင်း၊ စခန်းချ ရေလမ်းညွှန် လုပ်ငန်းကိုလည်း ယခု လအတွင်း အပြီးလုပ်ဆောင် သွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger