www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 14, 2017

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များ ၊ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ထွက်ခွာ



နေပြည်တော် ၊ ၁၄-၂-၂၀၁၇

ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များနှင့် ကျေးရွာများမှ စစ်မှုထမ်း ဟောင်းများနှင့် မိသားစုဝင်များ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ စတင်ထွက်ခွာ သွားသည်။

အဆိုပါတပ်မတော် နယ်လှည့်အထူးကု ဆေးအဖွဲ့နှင့်အတူ ရွေ့လျားခွဲစိတ် ကုသယာဉ် ၊ ရွေ့လျားဓာတ်မှန် ရိုက်ယာဉ်၊ ရွေ့လျားဓာတ်ခွဲခန်း ယာဉ်နှင့် သွားရောဂါ ဆိုင်ရာ ခွဲစိတ်ကုသယာဉ် တို့ပါဝင်ပြီး ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ကျော်လှစုကျေးရွာ၊ ကျောက်တံခါးမြို့နယ်၊ ညောင်လေးပင် မြို့နယ်၊ ဖအောင်းကျေးရွာ၊ ဒိုက်ဦးမြို့နယ်နှင့် ပျဉ်ပုံကြီးမြို့နယ် အတွင်း ရှိ ကျေးရွာများမှ စစ်မှုထမ်းဟောင်း များနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူ များအား ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၅ ရက်အထိ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger