www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 8, 2017

ရှင်ဥပဂုတ္တဖောင်တော် ပင့်ဆောင်ပွဲနှင့် လှေလှော်ပြိုင်ပွဲကျင်းပ



ပြည် ၊ ၈-၂-၂၀၁၇

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့တွင် ဧရာဝတီမြစ် အတွင်းမှ ရှင်ဥပဂုတ္တဖောင်တော် ပင့်ဆောင်ပွဲနှင့် အတူ လှေလှော် ပြိုင်ပွဲကို ဖေဖော်ဝါရီ ၅ ရက်နှင့် ၆ ရက်က နှစ်ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပွဲကို ပြည်မြို့ ဧရာဝတီမြစ်ကမ်းတွင် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရန်နှင့် ဓလေ့ထုံးစံများကို ယုံကြည်မှုအရ ကျင်းပခြင်း ဖြစ်ပြီး ဒေသခံ ရေလုပ်သားများက ၀င်ရောက် ယှဉ်ပြိုင်ခဲ့ ကြကြောင်း သိရသည်။

အဆိုပါ ဖောင်တော်ကို ဆွဲယူပူဇော်ပသ ခြင်းဖြင့် မိုးလေဝသ ကောင်းမွန်ခြင်း၊ ရေလုပ်သားများ၏ လုပ်ငန်း ဆောင်တာများ ကောင်းမွန်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိသည်ဟု ဒေသခံများက ယုံကြည်ကြောင်း သိရသည်။

အဆိုပါ ရှင်ဥပဂုတ္တဖောင်တော် ကို ညောင်ဦးမြို့မှ ပြီးခဲ့သည့် ဝါဆိုလဆန်း ၈ ရက်က စတင်ပူဇော်ကာ ဧရာဝတီမြစ်အတွင်း မျှောလိုက်ခြင်းဖြစ်ပြီး မြစ်ကြောင်း တစ်လျှောက် မြို့ရွာ အဆင့်ဆင့် ဖြတ်သန်းလာရာ ပြည်မြို့ ဖိုးခေါင်ရပ် ရပ်ကွက်သားများက မကွေးတိုင်းဒေသကြီး စစ်စရံကျေးရွာမှ သွားရောက် ပင့်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger