www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 1, 2017

ထိုင်းနိုင်ငံတွင် လူကုန်ကူးခံခဲ့ရသူ အမျိုးသမီး ၁၅ ဦးကို မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်


တာချီလိတ် ၊ ၁-၂-၂၀၁၇

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ အေ့ကွန်းဘွတ် စဖားဘန်ဒင်း ဦးဆောင်သော အဖွဲ့ဝင် ၃ဝ ဦးတို့သည် ထိုင်းနိုင်ငံတွင် လူကုန်ကူးခြင်း ခံခဲ့ရသော အမျိုးသမီး ၁၅ ဦးကို တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး ရှိ တာဝန်ရှိသူ များထံ ယမန်နေ့ နံနက် ၁ဝ နာရီခွဲတွင် လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရသည်။

ထိုသို့လွှဲပြောင်း ပေးအပ်ရာတွင် မြန်မာဘက်မှ ပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးကျော်သူနိုင်၊ ခရိုင် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဒုတိယဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ထိန်ဝင်း နှင့်အဖွဲ့ဝင်များ၊ ခရိုင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်း၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (၁)မှ တပ်ဖွဲ့စိတ်မှူး ရဲမှူး ရင်ရင်အေး တို့ဦးစီး၍ အမျိုးသမီး သက်မွေး အတတ်ပညာ သင်ကျောင်းမှ ဒုတိယကျောင်းအုပ် ဒေါ်စောယုသွယ် နှင့် ဆရာမများ၊ တာချီလိတ် လူမှုဝန်ထမ်းဌာနမှ ဝန်ထမ်းများ၊ ခရိုင်အမျိုးသမီး ရေးရာ ကော်မတီ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန်း နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ ဒေါ်ခင်မျိုးသန့် ဝေါလ်ဗွီရှင်း မြန်မာ (ရန်ကုန်- ကျိုင်းတုံ- တာချီလိတ်) အဖွဲ့တို့က လက်ခံသည်။

အဆိုပါ အမျိုးသမီး ၁၅ ဦးတို့သည် ထိုင်းနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်ခြင်း၊ နေထိုင်ခွင့် ကတ်ပြားမရှိခြင်း၊ နယ်စပ် ဖြတ်သန်းခွင့် ခုနစ်ရက်ေ ကျာ်လွန်ခြင်း တို့ကြောင့် ရှောင်တခင် စစ်ဆေးချက်အရ ဖမ်းဆီးခံရခြင်း ဖြစ်ပြီး လူကုန်ကူးခံ ရကြောင်း စစ်ဆေးတွေ့ရှိ သဖြင့် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုး တိုးတက်ရေးနှင့် လူသားလုံခြုံရေး ဝန်ကြီးဌာန လက်အောက်ရှိ Songkhla Shelter တွင် လက်ခံ စောင့်ရှောက် ထားခြင်းဖြစ်သည်။ ထို့နောက် လူကုန်ကူးခံ ရသူ ၁၅ ဦးတို့ကို ထိုင်းနိုင်ငံမှ တာဝန်ရှိသူ များက စိစစ်မှုများပြု လုပ်ပြီးနောက် ပြန်လည် လွှဲပြောင်း ပေးအပ်ခြင်း ဖြစ်သည်။ အဆိုပါ အမျိုးသမီး များသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ တာချီလိတ်မြို့၊ မိုင်းယောင်းမြို့၊ မက်မန်းမြို့၊ မိုင်းခတ်မြို့၊ မိုင်းယန်းမြို့နှင့် ''ဝ'' ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတို့ရှိ ကျေးရွာများတွင် နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။

လူကုန်ကူးခံခဲ့ ရသည့် အမျိုးသမီး ၁၅ ဦးကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်း၊ တာချီလိတ်ခရိုင် အမျိုးသမီးရေးရာ ကော်မတီ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန်း နှင့် မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းဝင်များက နှစ်သိမ့်စကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။

ဆက်လက်၍ ခရိုင်လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်း က မှတ်ပုံတင် မပြုလုပ်ရသေး သူများကို မှတ်ပုံတင် ပြုလုပ်နိုင်ရေး ဆွေးနွေး ပြောကြားသည်။

ယင်းနောက် ပြည်နယ်လူမှု ဝန်ထမ်း ဦးစီးဌာနမှ ဦးကျော်သူနိုင် က တာချီလိတ် ဇာတိဖြစ်သော အမျိုးသမီးငယ် နှစ်ဦးအား မိဘများထံ အပ်နှံပေးခဲ့ပြီး ကျန် ၁၃ ဦးကို ကျိုင်းတုံ အမျိုးသမီးသက်မွေး အတတ်ပညာ သင်ကျောင်းမှ ဆရာမများနှင့် ဝေါလ်ဗွီရှင်း မြန်မာမှ တာဝန်ရှိသူများက မော်တော်ယာဉ် ဖြင့် တာချီလိတ်မှ ကျိုင်းတုံသို့ ခေါ်ဆောင်သွားပြီး ၄င်းတို့၏ မိဘဆွေမျိုး များထံ ပြန်လည် အပ်နှံမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger