www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 21, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ၊ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ပြုလုပ်


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ကိုယ်စား) ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ တောင်ငူ လေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးကြီး မြင့်သောင်း က အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆု ရရှိသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ် အမျိုးသမီးအသင်းအား ဆုချီးမြှင့်စဉ်

နေပြည်တော် ၊ ၂၁-၂-၂၀၁၇

၂ဝ၁၇ ခုနှစ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ များကို ယမန်နေ့ နံနက်ပိုင်းတွင် ဆက်လက်ကျင်းပ ပြုလုပ်ရာ (ခ)အဆင့် ဘောလုံးပြိုင်ပွဲ တတိယနေရာ လုပွဲကို နေပြည်တော်ရှိ ဇေယျာသီရိ ဘောလုံးကွင်း၌ လည်းကောင်း၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ(ဃ) ၌ လည်းကောင်း၊ တိုက်ကွမ်ဒို ပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ (က) ၌ လည်းကောင်း၊ အမျိုးသား/ အမျိုးသမီး ဂျူဒိုပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ (C)၌ လည်းကောင်း၊ ရေကူးအားကစား ပြိုင်ပွဲကို ဇေယျာသီရိ ရေကူး အားကစားရုံ၌ လည်းကောင်း၊ အလေးမနှင့် ကိုယ်ကာယ ကြံ့ခိုင်မှု ပြိုင်ပွဲနှင့် ဝူရှူးပြိုင်ပွဲကို ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)ဝင်း အတွင်းရှိ အားကစားရုံ များ၌ လည်းကောင်း ဆက်လက် ယှဉ်ပြိုင် ကစားကြသည်။

အဆိုပါ အားကစားပြိုင်ပွဲ များသို့ တပ်မတော် အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမား များနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ထို့အတူ ၂ဝ၁၇ ခုနှစ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ဇေယျာသီရိ ဘောလုံးကွင်း၌ ပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရုံး/ဌာန အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အားကစား သမားများ တက်ရောက် ကြသည်။

ဦးစွာ ဗိုလ်လုပွဲစဉ်များ ဖြစ်ကြသည့် အမျိုးသား/ အမျိုးသမီး မီတာ ၁ဝဝ အပြေးပြိုင်ပွဲ နှင့် အမျိုးသား/ အမျိုးသမီး မီတာ ၄ဝဝ လေးယောက်တွဲ လက်ဆင့်ကမ်း  ပြိုင်ပွဲများ ယှဉ်ပြိုင်ကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ကိုယ်စား) ပြိုင်ပွဲကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ တောင်ငူ လေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးကြီး မြင့်သောင်းက တံခွန်စိုက် ဒိုင်းဆု ရရှိကြသည့် ရန်ကုန်တိုင်း စစ်ဌာနချုပ် အမျိုးသား အသင်းနှင့် အမျိုးသမီး အသင်း တို့ကို တံခွန်စိုက်ဒိုင်းဆု များ အသီးသီးချီးမြှင့် ပေးအပ်သည်။

တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ များမှ (ခ)အဆင့် ဘောလုံးပြိုင်ပွဲ 
တတိယနေရာလုပွဲ ယှဉ်ပြိုင်စဉ်

တိုက်ကွန်ဒိုပြိုင်ပွဲယှဉ်ပြိုင်စဉ်

ယင်းနောက် ပြိုင်ပွဲအမျိုးအစား အလိုက် ဆုရရှိသည့် အသင်းများအား ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ)မှ တပ်မတော် အရာရှိကြီးများက ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger