www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 16, 2017

ထိုင်းဘုရင့်တပ်မတော် လေတပ်ဦးစီးချုပ် Air Chief Marshal Johm Rungswang နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ


ထိုင်းဘုရင့်တပ်မတော် လေတပ်ဦးစီးချုပ် Air Chief Marshal Johm Rungswang နှင့်ဇနီး 
ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း 
နှင့် တာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၁၆-၂-၂၀၁၇

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ထိုင်းဘုရင့် တပ်မတော် လေတပ်ဦးစီးချုပ် Air Chief Marshal Johm Rungswang နှင့် ဇနီးတို့ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ညနေ ၄ နာရီ ၄၅ မိနစ်တွင် ထိုင်းဘုရင့် တပ်မတော် အထူး လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ ရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တာဝန်ရှိသူများ၊ တပ်မတော် (လေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး  Mr. Pisanu Suvanajata ၊ စစ်သံမှူးများနှင့် တာဝန်ရှိသူများက မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အာဇာနည်လမ်းရှိ သူရဲကောင်း စစ်သည်ဗိမာန် သို့ သွားရောက် ဂါရဝပြုခြင်း၊ ရွှေတိဂုံ စေတီတော်နှင့် ဗိုလ်တထောင် ကျိုက် ဒေးအပ် ဆံတော်ဦး စေတီတော်တို့သို့ သွားရောက်ဖူးမြော် ကြည်ညို၍ အလှူငွေများ ပေးအပ်လှူဒါန်း ခြင်းနှင့် ဗိုလ်ချုပ် အောင်ဆန်းဈေးသို့ သွားရောက် လေ့လာခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger