www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 17, 2017

YBS ယာဉ်လိုင်းများတွင် ခရီးသည်နှင့် ယာဉ်အစီးရေ မျှတမှုမရှိ ၊ ကိုယ်ပိုင်ယာဉ်များဖြင့် အခမဲ့ပြေးဆွဲပေးမှုများ ရှိနေ




ရန်ကုန် ၊ ၁၇-၁-၂၀၁၇

YBS (ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှု) ယာဉ်လိုင်းစနစ် စတင် အကောင် အထည်ဖော်သည့် ယမန်နေ့ နံနက်ပိုင်းတွင် ခရီးသည်နှင့် ယာဉ်အစီးရေ မျှတမှု မရှိသေးသည့် အတွက် ကိုယ်ပိုင်ယာဉ် များဖြင့် အခမဲ့ ပြေးဆွဲပေးမှု များလည်း ရှိကြောင်း သိရသည်။

YBS (ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှု) ယာဉ်လိုင်းစနစ်ကို ယခင် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီအောက်ရှိ ယာဉ်လိုင်းပေါင်း ၃ဝဝ ကျော်ကို ဖျက်သိမ်းပြီး ရန်ကုန်တိုင်း ဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့အောက်တွင် ယာဉ်လိုင်း ၇ဝ ဖြင့် ပြောင်းလဲ ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။

''အခု ကျွန်မတို့ သန်လျင်ကနေ လမ်း ၃ဝ ကိုသွားရမှာ။ သန်လျင်နံပါတ် ၃၁ က ဗိုလ်တထောင် ဘုရားအထိပဲ ရောက်တော့ အဆင်မပြေဘူး။ ပန်းဆိုးတန်း အထိ ဆွဲပေးနိုင်ရင် လမ်း ၃ဝ ကို လမ်းလျှောက်တော့ သိပ်မဝေးဘူး။ ပြောင်းစီးရမယ့် ကားက လာတော့လာတယ်။ ဒါပေမဲ့ စီးတဲ့သူတွေ များတော့ လိုက်မရဘူး။ အခုတောင် ဆူးလေကို အခမဲ့လိုက်ပို့တဲ့ ကိုယ်ပိုင်ကားနဲ့ ကြုံလို့ လိုက်လာရတယ်'' ဟု ခရီးသည် မသူဇာ ကပြောသည်။ပြောင်းလဲလိုက်သည့် YBS စနစ်တွင် ရန်ကုန်မြို့တွင်းသို့ ပြေးဆွဲနေသော မီနီဘတ်စ် ၅၆၊ ၅၇၊ ၅၈ ယာဉ်လိုင်းများ သည် ရန်ကုန်မြို့တွင်း သို့ တစ်ဆင့်ပြန်လည် ပြေးဆွဲရာတွင် ယာဉ်အစီးရေနှင့် လူဦးရေ မျှတမှု မရှိခြင်းကြောင့် အချိန် ကြာမြင့်စွာ စောင့်ဆိုင်းရမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

''ကျွန်တော်ကတော့ မှတ်တိုင်မှာ လူတွေ များနေလို့ ဆူးလေဘက်ကို သွားမယ့်လူတွေ ကို တင်သွား လိုက်တာပါ။ ကျွန်တော့်လိုပဲ တင်သွားတဲ့ တခြားကိုယ်ပိုင်ကား တွေအများကြီး ပါပဲ။ အစဆိုတော့ ကားနဲ့ လူနဲ့မမျှဘူး ဖြစ်နေတယ်။ နောက်နေ့တွေ မှာတော့ အဆင်ပြေ လိမ့်မယ်လို့ မျှော်လင့်ရ ပါတယ်'' ဟု ကိုယ်ပိုင်ယာဉ်ဖြင့် အခမဲ့ ပို့ဆောင်ပေးသူ တစ်ဦးက ပြောသည်။

ယမန်နေ့စတင် ပြောင်းလဲလိုက်သည့် YBS စနစ်ကို ယာဉ်လိုင်း ၆၁ လိုင်းနှင့် နောက်တိုး ယာဉ်လိုင်း ကိုးလိုင်းတို့ဖြင့် ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger