www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 17, 2017

ယာဉ်လိုင်းများ တံဆိပ်ပြောင်းလဲမှု အချိန်မီမပြီးစီးသဖြင့် လိုင်းသစ်စတင်သည့်ရက်တွင် ကားမှတ်တိုင်များ၌ ခရီးသည်များ စုပြုံနေ




ရန်ကုန် ၊ ၁၇-၁-၂၀၁၇

ရန်ကုန် အများပိုင် ယာဉ်လိုင်းများ ပြေးဆွဲရာ၌ ယာဉ်လိုင်း တချို့တွင် ယာဉ်လိုင်း တံဆိပ်များ ပြောင်းလဲ တပ်ဆင်မှု အချိန်မီပြီးစီးမှု မရှိသောကြောင့် အစီးရေ အပြည့်အဝ ပြေးဆွဲ နိုင်ခြင်းမရှိသဖြင့် ယာဉ်စီးနင်း သူများ မှတ်တိုင်၌ စုပြုံနေကြောင်း သိရသည်။

ယာဉ်လိုင်းများကို မ-ထ-သ တံဆိပ်ခွာ၍ YBS တံဆိပ် ပြောင်းလဲ တပ်ဆင်ရာတွင် အချိန်မီ ပြီးစီးမှု မရှိခြင်းနှင့် တချို့သော ယာဉ်လုပ်သားများ အနေဖြင့် ညလုံးပေါက် တံဆိပ်ကပ် ရသဖြင့် နံနက်ပိုင်းတွင် ယာဉ်မလိုက်
နိုင်ခြင်းတို့ကြောင့် ယာဉ်လိုင်းသစ် စတင်သည့် ရက်တွင် မှတ်တိုင်များသို့ ယာဉ်ရောက်မှု နည်းပါးရခြင်း ဖြစ်ကြောင်း YBS ၂၁ မှ ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေး ကပြောသည်။

ယာဉ်လိုင်းသစ် စတင်ရမည့် ရက်တွင် ဝင်ရောက် ပြေးဆွဲနိုင်သော ယာဉ်လိုင်းမှာ ၆ဝ ရာခိုင်နှုန်းမှ ၇ဝ ရာခိုင်နှုန်း ဝန်းကျင်သာရှိပြီး ကျန်ရှိသော ယာဉ်များမှာ တံဆိပ်ပြောင်းလဲ ကပ်ရန် ကျန်ရှိခြင်း နှင့် ယာဉ်လုပ်သားများ အချိန်မီ လာရောက်မှု မရှိခြင်းတို့ကြောင့် ဖြစ်သည်။

ပြေးဆွဲမည့် ဘတ်စ်ကား များကို ဂိတ်မှငါးမိနစ် တစ်စီးနှုန်း လွှတ်ပေး၍ ရုံးချိန်အတွင်း နှစ်မိနစ် တစ်စီးနှုန်း ပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း အဆိုပါ ပြောင်းလဲ ပြေးဆွဲပေးသည့် ယာဉ်လိုင်းများမှ သိရသည်။

သို့ရာတွင် ယမန်နေ့ နံနက်ပိုင်းတွင် ယင်းကဲ့သို့ သတ်မှတ် ပြေးဆွဲပေး နေသော်လည်း ယာဉ်လမ်းကြောင်း ပိတ်ဆို့မှုများ ရှိနေသဖြင့် သတ်မှတ်ချိန် အတိုင်း မှတ်တိုင်များ၌ ယာဉ်လိုင်းများ အချိန်မီ ဝင်ရောက်နိုင်ခြင်း မရှိကြောင်း သိရသည်။

လက်ရှိတွင် ခရီးသွား ပြည်သူများ အနေဖြင့် ဘတ်စ်ကား အစီးရေ ပြေးဆွဲမှု နည်းပါးသဖြင့် သွားလာမှု အဆင်ပြေစေရေး အတွက် အငှားယာဉ်များ ငှားရမ်းသွားလာ နေရကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger