www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 9, 2017

KIA အကြမ်းဖက် သောင်းကျန်းသူများ၏ ပွိုင့်-၇၆၈ (KIA အခေါ် လိုင်ဖောင်) စခန်းအနီးရှိ ပတ်ဝန်းကျင်စခန်းငယ် များအား တပ်မတော်စစ်ကြောင်း များက ဆက်လက်သိမ်းပိုက်ရရှိ



နေပြည်တော် ၊ ၉-၁-၂၀၁၇

၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းရှိ KIA အကြမ်းဖက် သောင်းကျန်းသူ များ၏ ပွိုင့်-၇၆၈ (KIA အခေါ် လိုင်ဖောင်) စခန်းအပါအဝင် စခန်းခုနစ်ခု တို့ကို တပ်မတော် စစ်ကြောင်းများက သိမ်းပိုက်ရရှိ ခဲ့ပြီးနောက် နယ်မြေ ရှင်းလင်းရေး ဆက်လက် ဆောင်ရွက်ခဲ့ရာ ပွိုင့်-၇၆၈ စခန်း၏ အရှေ့တောင်ဘက် မီတာ ၅၅ဝဝ အကွာ၊ ဖောတော ခန့်မှန်းမြေပုံညွှန်း (LH-၇၁၂ ၇၇၂) အနီးရှိ KIA အကြမ်းဖက် သောင်းကျန်းသူများ ခေတ္တအခြေပြု ထားသည့် စခန်းများအား ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ေ လကြောင်း၊ အမြောက်နှင့် လက်နက်ကြီးပစ်ကူ ရယူတိုက်ခိုက် ခဲ့ရာ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်ခန့် တွင် ခန့်မှန်း မြေပုံညွှန်း (LH-၇၁၅ ၇၇၇) ရှိစခန်းအား လည်းကောင်း၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ခန့်မှန်း မြေပုံညွှန်း(LH-၇၁၉ ၇၈၇)ရှိ စခန်းကို လည်းကောင်း၊ ညနေ ၃ နာရီခန့်တွင် ခန့်မှန်း မြေပုံညွှန်း (LH- ၇၂၂ ၇၉၇) ရှိစခန်းနှင့် ညနေ ၃ နာရီ ၁၃ မိနစ်ခန့်တွင် ခန့်မှန်း မြေပုံညွှန်း (LH-၇၂၅ ၈ဝ၇) ရှိ စခန်း စုစုပေါင်း လေးခုတို့ကို ထပ်မံသိမ်းပိုက် ရရှိခဲ့ပြီး ဆက်လက် ရှင်းလင်းဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းရေးသား ချိန်ထိ ရန်သူ့ထံမှ အလောင်းခုနစ်လောင်း၊ ၆ဝ မမ စိန်ပြောင်း သုံးလက်၊ ၄ဝ မမ ဒုံးပစ်လောင်ချာ တစ်လက်၊ အမ် ၂၁ သေနတ်တစ်လက် အပါအဝင် ခဲယမ်းအချို့ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်မှ ကျဆုံး/ ဒဏ်ရာရရှိမှု အနည်းငယ် ရှိခဲ့ကြောင်း သိရှိရသည်။

KIA အကြမ်းဖက် သောင်းကျန်းသူ များအနေဖြင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူ တစ်ရပ်လုံးမှ လိုလားတောင့်တ နေကြသည့် ထာဝရ ငြိမ်းချမ်းရေးကို မျက်ကွယ်ပြု၍ ခေါင်းဆောင်ပိုင်း အချို့၏ တစ်ဦးချင်း ကိုယ်ကျိုးစီးပွား အလို့ငှာ လက်အောက်ငယ် သား များအပေါ် အကာအကွယ် ပြု၍ ဒေသ တည်ငြိမ် အေးချမ်းရေးနှင့် နယ်မြေဖွံ့ဖြိုး တိုးတက်မှုများ မရှိစေရေး ရည်ရွယ်လျက် အပြစ်မဲ့ ပြည်သူအချို့နှင့် ၄င်းတို့၏ ဆွေမျိုးသားချင်း များအား ဒုက္ခသည်စခန်း အမည်ခံပြီး လူသားတံတိုင်း အဖြစ် အသုံးချကာ အကြမ်းဖက် လုပ်ရပ်များကို ဆက်တိုက် ကျူးလွန်လျက် ရှိသဖြင့် တပ်မတော် စစ်ကြောင်းများ ကလည်း နယ်မြေရှင်းလင်း ခြင်းအား စဉ်ဆက်မပြတ် ဆောင်ရွက် နေရလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger