www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 20, 2017

ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း ၊ တပ်မတော်(ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ် (၇၆) နှင့် တပ်မတော်(ရေ) အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်းအမှတ်စဉ် (၅၁) သင်တန်းဆင်း အခမ်းအနား တက်ရောက်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း ၊ တပ်မတော်(ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ် (၇၆) နှင့် တပ်မတော်(ရေ) အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်းအမှတ်စဉ် (၅၁) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ်


ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း ၊ တပ်မတော်(ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ် (၇၆) မှ အကောင်းဆုံး ကျောင်းသားဆုရ ရေ ၅၀၈၁ ဗိုလ် ကျော်ဇင်ထက် အား ဆုပေးအပ် ချီးမြှင့်စဉ် 

နေပြည်တော် ၊ ၂၀-၁-၂၀၁၇

တပ်မတော်(ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ် (၇၆)နှင့် တပ်မတော်(ရေ) အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်းအမှတ်စဉ် (၅၁) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် သန်လျင်တပ်နယ်၊ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်မိန့်ခွန်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း၊ ရန်ကုန်တပ်နယ်နှင့် သန်လျင်တပ်နယ် တို့မှ တပ်မတော် အရာရှိကြီးများ၊ ကျောင်းဆင်းအရာရှိ များ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထား သူများ တက်ရောက် ကြသည်။

ဦးစွာ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲ များသည် စစ်ရေးပြကွင်း အတွင်း ချီတက်နေရာယူ ကြပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း က ကျောင်းဆင်းတပ်ခွဲ နှင့် ဂုဏ်ပြုတပ်ခွဲ များ၏ အလေးပြုခြင်းကို ခံယူပြီး ကျောင်းဆင်းတပ်ခွဲ နှင့် ဂုဏ်ပြုတပ်ခွဲ များကို စစ်ဆေးသည်။

ထို့နောက် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲ များက ကာကွယ်ရေးဦးစီးချုပ် (ရေ)အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက် အလေးပြုကြသည်။ ထိုသို့ချီတက် အလေးပြုနေစဉ် တပ်မတော် (ရေ)မှ စစ်ရေယာဉ် များက ရန်ကုန်မြစ် အတွင်းမှ ကာကွယ်ရေး ဦးစီးချုပ်(ရေ) အား ပုံပြုချီတက် မောင်းနှင် အလေးပြုကြသည်။

ဆက်လက်၍ ကာကွယ်ရေး ဦးစီးချုပ်(ရေ) က တပ်မတော်(ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ် (၇၆)မှ အကောင်းဆုံး ကျောင်းသားဆုရ ရေ ၅ဝ၈၁ ဗိုလ် ကျော်ဇင်ထက် အားလည်းကောင်း၊ တပ်မတော်(ရေ) အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်းအမှတ် စဉ်(၅၁)မှ အကောင်းဆုံး ကျောင်းသားဆုရ ရေ ၅၁၉၁ ဗိုလ် စိုးထက်အောင် အားလည်းကောင်း ထူးချွန်ဆုများ ပေးအပ် ချီးမြှင့်သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(ရေ) က သင်တန်းဆင်း မိန့်ခွန်း ပြောကြားသည်။

၎င်းနောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ) သည် ကျောင်းဆင်းတပ်ခွဲ နှင့် ဂုဏ်ပြုတပ်ခွဲ များ၏ အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြ အခမ်းအနား မှ ပြန်လည်ထွက်ခွာ သွားသည်။ အခမ်းအနား အပြီးတွင် ကာကွယ်ရေး ဦးစီးချုပ်(ရေ)နှင့် အခမ်းအနားသို့ တက်ရောက် လာသော အရာရှိကြီးများသည် ကျောင်းဆင်း အရာရှိများနှင့် အတူ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger