www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 13, 2017

လေဆိပ်သစ်ကို အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခန့် ကုန်ကျခံ တည်ဆောက်ရန်စီစဉ်



ပဲခူး ၊ ၁၃-၁-၂၀၁၇

လာမည့် ၂ဝ၂၁ ခုနှစ်တွင် ခန့်မှန်း တွက်ချက်မှုအရ လေကြောင်း ခရီးသည် ၁၁ သန်းခန့် တိုးတက်များပြား လာနိုင်ဖွယ်ရှိပြီး လေကြောင်းဆိုင်ရာ ကွန်ရက်ချင်း ဆုံရပ်၌ တည်ရှိသော ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရန် အတွက် စီမံကိန်း၏ ခန့်မှန်း ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ နှစ်ဘီလီယံခန့် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ အစိုးရက Public Factilites တည်ဆောက်ရေး ခန့်မှန်းကုန်ကျ စရိတ်အတွက် ဂျပန်နိုင်ငံမှ ချစ်ကြည်ရေး ကို အခြေခံသည့် ODA ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၈၉ဝ အား ချေးယူပေးရမည် ဖြစ်ပြီး လုပ်ငန်း ဆောင်ရွက်မည့် Consortium မှ ချေးငွေ၏ အတိုးနှင့် အရင်းအား ပြန်လည်ပေးဆပ် သွားမည်ဖြစ်သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လေယာဉ်ပြေးလမ်း တစ်ကြောင်းတည်း သာရှိပြီး မြေနေရာ အနေအထား အကျယ်အဝင်းအရ ပြေးလမ်းအသစ် ထပ်မံမတိုးချဲ့ နိုင်ခြင်း၊ လေယာဉ် ရပ်နားရန် နေရာ အလုံအလောက် တိုးချဲ့နိုင်ခြေ မရှိခြင်း၊ ပတ်ဝန်းကျင်တွင် လူနေထူထပ် လာသောကြောင့် ၂၄ နာရီ အော်ပရေးရှင်း အတွက် ဆူညံသံများရှိခြင်း၊ အဆင်းမှာ မြောက်ဘက် တစ်ဖက်တည်းကသာ ဆင်းသက်ရခြင်း၊ အတက်မှာလည်း အများအားဖြင့် တောင်ဘက်သို့ တက်၍ လက်ယာဘက်သို့ ကွေ့ရခြင် စသည့်  အခက်အခဲများစွာ ရှိကြောင်း သိရသည်။

ထို့ပြင် နောင်အနာဂတ်တွင် တိုးတက်များပြား လာမည့် လေယာဉ်များ၊ ကုန်တင်လေယာဉ် များအား နိုင်ငံတကာစံချိန်စံညွှန်း များဖြစ်သော အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့ချုပ် (International Civil Aviation Organization- ICAO) ၏ ဘေးအန္တရာယ် ကင်းဝေးရေးဆိုင်ရာ (Safetly) စံချိန်စံညွှန်းများ အတိုင်း ဆောင်ရွက်ရန် အခက်အခဲများလည်း ရှိနေပြီး လုံခြုံရေး ကောင်းသော အော်ပရေးရှင်း ပြုလုပ်နိုင်ရေး ဖြစ်နိုင်ခြေမရှိခြင်း စသည့် အခက်အခဲများလည်း ရှိကြောင်း သိရသည်။

ထို့ကြောင့် ယခင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ၁ဝ မိုင် ပတ်လည်အတွင်း ရှာဖွေခဲ့သည့် မြေနေရာ ကိုးနေရာအနက် ကျန် ရှစ်နေရာသည် အောက်ခံမြေသား မကောင်းခြင်း၊ ရေ၊မီးရရှိရန် ခက်ခဲခြင်း၊ Air Route နှင့် Circuit များထပ်နေ၍ လေကြောင်းဆိုင်ရာ ကန့်သတ်ချက် များရှိ၍ ဆောင်ရွက်ရန် မသင့်လျော်ခြင်း စသည့်အချက်များနှင့် စိစစ်မှုအရ အသင့်တော်ဆုံးဖြစ်သော နိုင်ငံတကာလေဆိပ် များနည်းတူ အဆင့်လိုက် တိုးမြှင့်တည်ဆောက် နိုင်မည့် မြေနေရာ အကျယ်အဝန်း ၉၆၉ဝ ဒသမ ၄ ဧကရှိသည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းဟောင်း နေရာတွင် တစ်နှစ်လျှင် ခရီးသည် ၁၂ သန်း ကိုင်တွယ်နိုင်မည့် အပြည်ပြည် ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရန် PPP စနစ်ကို အခြေခံသော Concession Agreement ဖြင့် ဆောင်ရွက်မည့် နိုင်ငံတကာ တင်ဒါစနစ်ဖြင့် ပုဂ္ဂလိကလုပ်ငန်း ရှင်အဖွဲ့အား ဂျပန်နိုင်ငံမှ အတိုင်ပင်ခံ Nippon Koei Co., Ltd ဖြင့် စိစစ်ရွေးချယ် ခဲ့ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။

ဂျပန်နိုင်ငံအစိုးရ ဘက်မှလည်း ODA ချေးငွေပေးရေး အတွက် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ခေတ်မီသော Digital နည်းစနစ်များဖြင့် နိုင်ငံတကာ အဆင့်မီ လေဆိပ်သစ်အား လေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger