www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 24, 2017

သစ်ခိုးအဖွဲ့များမှ ခိုးထုတ်လျက်ရှိသည့် တရားမ၀င်သစ်များနှင့် သစ်တင်ယာဉ်များ သိမ်းဆည်းရမိ





နေပြည်တော် ၊ ၂၄-၁-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ် နှင့် မန်တုံမြို့အနီး ဝန်းကျင် ရွှေလီမြစ်ကြောင်း တစ်လျှောက်၌ သစ်ခိုးအဖွဲ့ များက သစ်များ ခိုးထုတ်လျက် ရှိကြောင်း သတင်းအရ တပ်မတော်မှ ဇန်နဝါရီ ၁၇ ရက် မှစတင်ပြီး လေယာဉ်ဖြင့် ကောင်းကင်ဓာတ်ပုံ ရိုက်ကူး၍ ကင်းထောက်ခဲ့ရာ တရားမဝင် သစ်တင်ယာဉ် များဖြင့် သစ်များခိုးထုတ်လျက် ရှိသည်ကို စိစစ်တွေ့ရှိရ သဖြင့် ဇန်နဝါရီ ၁၈ ရက်တွင် တပ်မတော် လေယာဉ်ဖြင့် ခြောက်လှန့်ပစ်ခတ် တားဆီးခဲ့ ရသည်။

အဆိုပါနေရာ များသို့ တပ်မတော် စစ်ကြောင်းများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သွားရောက် ရှင်းလင်းစဉ် ဇန်နဝါရီ ၁၈ ရက်၌ နမ့်ခမ်းမြို့နယ်၊ မုံးဝီးကျေးရွာ၏ အနောက် တောင်ဘက် ၁ မိုင်ခန့်အကွာ တွင် သစ်မာ ၂၇ တန်ခန့် တင်ဆောင် ထားသည့် ၁၂ ဘီးယာဉ်သုံးစီးနှင့် အဆိုပါနေရာ အနီး ဝန်းကျင်တွင် သစ်မာ ၂၇ တန်ခန့် တင်ဆောင် ထားသည့် ၁၂ ဘီးယာဉ် သုံးစီးတို့ အားလည်းကောင်း၊ ဇန်နဝါရီ ၁၉ ရက်တွင် နမ့်ခမ်းမြို့ နယ်၊ မုံးဝီးကျေးရွာ၏ အနောက် တောင်ဘက် ၁ မိုင်ခန့်အကွာ၌ ၁၂ ဘီးယာဉ် ၂၄ စီး၊ ခြောက်ဘီးယာဉ် ၁၅ စီးတို့အား လည်းကောင်း၊ မန်တုံမြို့၊ ပန်ကူကျေးရွာ ၏ အနောက်ဘက် ၄ မိုင်ခန့် အကွာတွင် သစ်မာ ၆ တန်ခန့်တင် ဆောင်ထားသည့် သရီးကရောင်း ယာဉ်တစ်စီးနှင့် ဘက်ဟိုးယာဉ် တစ်စီးတို့အား လည်းကောင်း၊ ဇန်နဝါရီ ၂ဝ ရက်တွင် မန်တုံမြို့၊ ပန်ကူကျေးရွာ၏ အနောက် မြောက်ဘက် ၅ မိုင်ခန့်အကွာတွင် တရားမဝင် သစ်တင် ခြောက် ဘီးယာဉ် သုံးစီး၊ ကရိန်းယာဉ် တစ်စီး၊ ဖိုးဝှီးယာဉ် တစ်စီးနှင့် သစ်မာဆိုဒ်စုံ ၅ တန်ခန့် တင်ဆောင် ထားသည့် ၁ဝ ဘီးယာဉ်တစ်စီး၊ ဒီဇယ်ပီပါ ၃၉ လုံး တင်ဆောင် ထားသည့် ခြောက်ဘီးယာဉ် သုံးစီးနှင့် ဘိလပ်မြေ ၂ဝ အိတ် တင်ဆောင် ထားသည့် ပါရာဒိုယာဉ် တစ်စီးတို့အား လည်းကောင်း၊ နမ့်ခမ်းမြို့နယ်၊ မုံးဝီးကျေးရွာ ၏ အနောက် တောင်ဘက် ၁ မိုင်ခွဲခန့် အကွာတွင် သစ်မာမျိုးစုံ ၃၉ တန်ခန့် တင်ဆောင် ထားသည့် ၁၂ ဘီးယာဉ် တစ်စီး နှင့် ခြောက်ဘီးယာဉ် ခြောက်စီးတို့ အားလည်း ကောင်း၊ ဇန်နဝါရီ ၂၁ ရက်တွင် မန်တုံမြို့၊ မုံးခက်ကျေးရွာ ၏ အရှေ့မြောက်ဘက် ၁ မိုင် ခွဲခန့်အကွာတွင် သစ်မာ ၁၅ တန်ခန့် တင်ဆောင် ထားသည့် ၁၂ ဘီးယာဉ် နှစ်စီးနှင့် ခြောက်ဘီးယာဉ် တစ်စီးတို့အား လည်းကောင်း၊ ဇန်နဝါရီ ၂၂ ရက်တွင် မန်တုံမြို့၊ မုံးခက်ကျေးရွာ ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာ တွင် သစ်မာ ၁ဝ တန်ခန့် တင်ဆောင် ထားသည့် ခြောက်ဘီးယာဉ် သုံးစီးအား လည်းကောင်း စုစုပေါင်း တရားမဝင် သစ်မျိုးစုံ ၃၅၉ တန်ခန့် နှင့် သစ်ထုတ်လုပ် ရာနှင့် သစ်များ သယ်ဆောင် ရာတွင် အသုံးပြုသည့် ယာဉ်မျိုးစုံ ၇ဝ စီးတို့ အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ ခဲ့သည်။

တပ်မတော် အနေဖြင့် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ အတွင်း မြန်မာ့အဖိုးတန် သယံဇာတသစ်များ တရားမဝင် ခိုးထုတ်မှု မရှိစေရေး တပ်မတော်ေ လယာဉ်များဖြင့် ဝေဟင်မှ ကင်းထောက်ခြင်း၊ စစ်ကြောင်းများဖြင့် နယ် မြေရှင်းလင်း ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်းနှင့် အဆိုပါ ဖမ်းဆီးရမိ သည့် သစ်များနှင့် မော်တော်ယာဉ် များအား သက်ဆိုင်ရာ သစ်တောဦးစီး ဌာနများသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger