www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 16, 2017

စိမ်းပြာရေညှိထွက်ရှိရာ တွင်းတောင်အင်း အတွင်းသို့ ရေချိုမ၀င်စေရေး ထိန်းသိမ်းကာကွယ်ရန် လိုအပ်



ဘုတလင် ၊ ၁၆-၁-၂၀၁၇

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် အတွင်း၌ တည်ရှိသော သဘာဝ စိမ်းပြာရေညှိ ထွက်ရှိသည့် တွင်းတောင်အင်း အတွင်းသို့ ရေချိုဝင်ရောက် မှုကြောင့် ရေညှိထွက်ရှိမှု နည်းလာသဖြင့် ထိန်းသိမ်း ကာကွယ်ရန် လိုအပ်လျက် ရှိကြောင်း Renewable Energy Association Myanmar မှ သိရသည်။

အဆိုပါ တွင်းတောင်အင်း အတွင်း ရေချို စိမ့်ဝင်နေမှု အခြေအနေကို ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်းနှင့် မိုးရွာသွန်းမှု မရှိသော်လည်း ရေချိုဝင်ရောက်မှု ရှိနေသဖြင့် စိမ်းပြာရေညှိ ထုတ်လုပ်နိုင်မှု မရှိသေးကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ်မှစ၍ စိမ်းပြာရေညှိ ထွက်ရှိမှု လျော့နည်း လာသောကြောင့် ၂ဝ၁၃ ခုနှစ်မှစတင်၍ ထုတ်လုပ်မှု ရပ်ဆိုင်းထားခဲ့ ရသည်။ နောက်ပိုင်းတွင် ပိုမိုဆိုးရွား လာနိုင်သည့်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် ထိန်းသိမ်း ဆောင်ရွက်ပေးရန် လိုအပ်လာပြီ ဖြစ်သည်။ အဆိုပါ တွင်းတောင်အင်း သည် ကမ္ဘာ ပေါ်တွင် ရှားပါးသည့် စိမ်းပြာရေညှိ ထွက်ရှိသည့် ရေကန်ကြီးမျိုး ဖြစ်ပြီး နှစ်စဉ် ပြည်တွင်းပြည်ပမှ လေ့လာသူ များလည်း လာရောက်လေ့ ရှိကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် စိမ်းပြာရေညှိ ထွက်ရှိသောနေရာ လေးခုသာရှိပြီး မြန်မာနိုင်ငံမှ တွင်းတောင်အင်း လည်း ပါဝင်ကြောင်း သိရသည်။

ယင်းကဲ့သို့ ရှားပါးအင်းတစ်ခု ဖြစ်ခြင်းကြောင့် ထိန်းသိမ်း စောင့်ရှောက်ရန် အရေးကြီးပြီး လက်ရှိ အခြေအနေမှာ မည်ကဲ့သို့ ပြန်လည်ထိန်းသိမ်း မည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြ သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger