www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 23, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်



နေပြည်တော် ၊ ၂၃-၁-၂၀၁၇

၂ဝ၁၆-၂ဝ၁၇ ခုနှစ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊လေ) လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် အေးချမ်းဖြိုး ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော် နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက် ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ် ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေး ကြသည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက် ပြုလုပ်ရာ တစ်ဦးချင်းဆု ရရှိသူများနှင့် အသင်းလိုက်ဆု ရရှိသည့် အသင်းများကို တာဝန်ရှိသူ များကလည်းကောင်း၊ တံခွန်စိုက်ဒိုင်းဆု ရရှိသည့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု လက်ဝှေ့အသင်းအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား တိုင်းမှူး က လည်းကောင်း ဆုများအသီးသီး ပေးအပ်ကြသည်။

အဆိုပါ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ဝှေ့ပြိုင်ပွဲကို ဝိတ်တန်းလေးတန်း၊ ပြိုင်ပွဲဝင် အသင်း ၃၄ သင်းဖြင့် ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာ ၃ဝ ရက်မှ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်အထိ ယှဉ်ပြိုင်ကစား ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger